Powered by Blogger.

Samsung ရဲ့ ပထမဆုံးကျောဘက်ကင်မရာနှစ်လုံးတွဲဖြစ်လာမယ့် Samsung Galaxy C10



Samsung ကနေ နောက်ထပ်ထွက်ရှိလာမယ့် Flagship ဖုန်းတစ်လုံးဖြစ်တဲ့ Galaxy Note 8 ဖုန်းမှာ Samsung အနေနဲ့ သူတို့ရဲ့ ကျောဘက်ကင်မရာနှစ်လုံးတွဲကို စတင်ပွဲထုတ်ဖွယ်ရှိနေတယ်လို့ ခန့်မှန်းနေကြပေမယ့်လည်း ထွက်ပေါ်လာတဲ့ ဓာတ်ပုံတွေအရတော့ Galaxy C10 ဖုန်းမှာ ဒီလိုကင်မရာကို စတင်အသုံးပြုဖွယ်ရှိနေတယ်ဆိုတာ သေချာသလောက်ဖြစ်နေပါတယ်။

နှင်းဆီရောင်နဲ့ Samsung Galaxy C10 ဖုန်းဟာ ကျောဘက်ကင်မရာနှစ်လုံးပုံစံနဲ့ မြင်တွေ့ရပြီး ပုံအရတော့ ဒီဖုန်းရဲ့ ကိုယ်ထည်ဟာ သတ္တုနဲ့ဖြစ်ပြီး အင်တာနာလိုင်းတွေကိုလည်း အထင်းသားမြင်တွေ့ရပါတယ်။ ပါဝါခလုတ်ကတော့ဖုန်းရဲ့ ညာဘက်မှာ ပါဝင်ဖွယ်ရှိနေတာကိုလည်း တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ရက်အနည်းငယ်က ထွက်ခဲ့တဲ့ သတင်းတွေအရတော့ Samsung Galaxy Note 8 ဖုန်းမှာ CIS ရော OIS ပါ ပါဝင်လာမယ့် 13 MP Dual Camera နည်းပညာကို Samsung က စတင်အသုံးပြုသွားမယ်လို့ သိရပြီး 3X optical zoom နဲ့ 6P Lens တွေကို သုံးသွားမယ်လို့ သတင်းတွေထွက်နေတာပါ။ Note 8 ဖုန်းမှာတော့ ၆.၂ လက်မအကျယ်ရှိတဲ့ မျက်နှာပြင်ကို အသုံးပြုသွားဖွယ်ရှိနေတယ်လို့လည်း သိရပါတယ်။

  Mocha
 #technology.thithtoolwin.com
 Ref : Gadgets

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment