Powered by Blogger.

မြန်မာငွေ ၂ သိန်း ၇ သောင်းနဲ့ စွမ်းဆောင်ရည်သင့် LG Stylo 3 Plus



LG ကတော့ LG G6 ဖုန်းကို ထုတ်ဖော်ပြသပြီးခဲ့တဲ့နောက်မှာ LG Stylo 3 Plus ဖုန်းကို ထုတ်ဖော်လိုက်ပါတယ်။ ဒီဖုန်းမှာတော့ သတ္တုကိုယ်ထည်နဲ့ တည်ဆောက်ထားပြီး ဖုန်းရဲ့ ကျောဘက်ကင်မရာအောက်မှာ လက်ဗွေဆန်ဆာကို ထည့်သွင်းထားတာကို တွေ့ရပါတယ်။

LG ကတော့ Stylus Pen ကို ထိပ်ကနေ ဆွဲထုတ်လို့ရအောင် ပြုလုပ်ထားပေးပြီး ဖုန်းရဲ့ ရှေ့ဘက်မှာတော့ Physical ခလုတ်တစ်ခုမှမပါဝင်တာကိုတွေ့ရပါတယ်။ Headphone Jack နဲ့ Micro USB အပေါက်တို့ကတော့ ဖုန်းရဲ့ အောက်ဘက်မှာ ပါဝင်လာတာကိုတော့ မြင်ရပါတယ်။

Android 7.0 Nougat ဗားရှင်းကို အသုံးပြုထားပြီး 4G Sim ကတ် တစ်ကတ်တည်းသာ အသုံးပြုနိုင်မယ့် ဖုန်းဖြစ်တာကြောင့် နည်းနည်းတော့စဉ်းစားရမှာပါ။ ၅.၇ လက်မ အကျယ် မျက်နှာပြင်ကို အသုံးပြုထားပြီး ပရော်ဆက်ဆကာကတော့1.7 GHz Snapdragon 435 octa-core processor ကို 2GB RAM နဲ့ တွဲဖက်အသုံးပြုထားတာကြောင့် စွမ်းဆောင်ရည်ကတော့ မြန်သင့်သလောက်မြန်ဆန်နိုင်ပါတယ်။

32GB ပါရင်းစွဲသိုလှောင်နိုင်မှုအပြင် micro SD ထပ်စိုက်နိုင်ပါတယ်။ ကျောဘက် 13 MP ကင်မရာနဲ့အတူ ဘက်ထရီပမာဏအနေနဲ့တော့ 3080 mAh အထိပါဝင်လာပါတယ်။ ဒီဖုန်းကတော့ စွမ်းဆောင်ရည်သင့်ဖုန်းတစ်လုံးသာဖြစ်ပြီး 270000 ဆိုတဲ့ ပေးရတဲ့ဈေးနဲ့တော့ သိပ်ကိုက်မှာမဟုတ်ပါဘူး။

Mocha
#technology.thithtoolwin.com
 Ref : NDTV

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment