Powered by Blogger.

Sony ရဲ့ ဘတ်ဂျက် Xperia L1 ကို ဒေါ်လာ ၂၀၀နဲ့ ရောင်းပြီ


Sony ရဲ့ နောက်ဆုံးထွက် Xperia ပစ္စည်းကို ဒေါ်လာ ၁၉၉နဲ့ စတင်ရောင်းချနေပြီဖြစ်ပါတယ်။ Xperia L1 စမတ်ဖုန်းသစ်ဟာ ပြောပလောက်စရာ လုပ်ဆောင်ချက် ထူးထူးခြားခြားတော့ မရှိပေမယ့် ဈေးနှုန်းသင့်တင့်တဲ့ အမျိုးအစားတစ်မျိုးလဲ ဖြစ်ပါတယ်။

ဒီဖုန်းမှာ လုပ်ဆောင်ချက်တွေအနေနဲ့ ၅.၅လက်မ 720p မျက်နှာပြင်၊ MediaTek MT6737T quad-core processor ၊ 2GB RAM 16GB Storage ၊ Expandable 256GB Storage ၊ 5MP front camera ၊ 13MP rear camera ၊ 2620mAh ဘက်ထရီ၊ USB-C Port တွေပါဝင်ပါတယ်။

အထူးတလည် ထူးထူးခြားခြားမရှိပေမယ့် Android N ကို ထည့်သွင်းပေးထားပြီးအရောင်အနေနဲ့ပန်းရောင် အဖြူဆိုပြီးနှစ်မျိုး ရနိုင်ပါတယ်။

     Bruce

    #technology.thithtoolwin.com

     Ref: The Verge

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment