Powered by Blogger.

အအောင်မြင်ဆုံး VR ဂိမ်းစတူရီယိုတစ်ခုကို Google ဝယ်ယူ



Google ဟာ Job simulator နဲ့ Rick and Morty: Virtual Rick-ality တို့ကို ဖန်တီးခဲ့တဲ့ Owlchemy Labs VR စတူရီယိုတစ်ခုကို ဝယ်ယူလိုက်ကြောင်း ကြေငြာခဲ့ပါတယ်။ Owlchemy ဟာ ပလက်ဖောင်းအမျိုးမျိုးအတွက် VR ဂိမ်းတွေကို ဖန်တီးနေတာဖြစ်ပြီး Google ကလည်း ၂၀၁၅ခုနှစ်က Tilt Brush စတီရီယိုကို ဝယ်ယူခဲ့သလိုမျိုး ထပ်မံလုပ်ဆောင်ခဲ့တာပါ။

ဒီလို ပူးပေါင်းရတဲ့အတွက် စိတ်လှုပ်ရှားမိကြောင်း ဂိမ်းတွေနဲ့ တခြားအရာတွေကိုလည်း ဆက်လက် တိုးမြှင့်လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း Owlchemy ရဲ့ Co-founder ဖြစ်သူ Alex Schwartz က ဆိုပါတယ်။ Owlchemy ဟာ VR ပိုင်းနဲ့ ဆိုင်တဲ့ ဂိမ်းတွေကို ထုတ်လုပ်ရာမှာ လူသိများ ကျော်ကြားပြီး Job Simulator ဂိမ်းနဲ့ ထင်ရှားလာခဲ့တာပါ။

Owlchemy ဟာ Google ရဲ့ Daydream VR headset နဲ့ အတူပူးပေါင်းပြီးတော့ AR ပိုင်းဆိုင်ရာမှာ အတူတကွ လုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။ ဒီအရွေ့ဟာဆိုရင် Facebook အနေနဲ့ Oculus Story Studio ကို အားထည့်လုပ်ဆောင်နေမှုကို လိုက်လာနေကြောင်း အချက်ပြလိုက်တာလည်း ဖြစ်ပါတယ်။

Bruce

#technology.thithtoolwin.com

Ref: The Verge, Business Insider

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment