Powered by Blogger.

Huawei Honor Band 3 ကို ထုတ်ဖော်တော့မယ်


 Huawei ဟာ Honor Band 3 လို့ခေါ်တဲ့ Smartband သစ်တစ်မျိုးအတွက် အလုပ်လုပ်နေကြောင်း သိရပါတယ်။ ဂျာနယ်လစ်တွေကို လာမယ့် ဇွန်လ ၁၂ရက်နေ့၊ တနင်္လာနေ့မှာ တက်ရောက်ပေးဖို့အတွကိ ပေးပို့ခဲ့တဲ့ ဖိတ်စာအရ ဒီသတင်းကို သိခဲ့ရတာပါ။

Water Effect တွေထည့်သွင်းခဲ့တဲ့ အချက်အရ ဒီ Honor Band 3 ဟာ ယခင်မျိုးဆက် Honor Band A2 လိုမျိုးပဲ IP67 အဆင့်အထိ ရေစိမ်ခံနိုင်မှာတော့ သေချာနေခဲ့ပါတယ်။ Band 3 ကိုတော့ A ဆိုတဲ့ နာမည်ဖြုတ်ပြီး 3 အနေနဲ့သာ ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။

A2 လိုမျိုးပဲ ဈေးနှုန်း အနိမ့်တစ်ရပ် အနေနဲ့ ဒေါ်လာ ၃၀ ရှိမှာပါ။ Honor Band 3 ဟာ Android ရော iOS ရော ချိတ်ဆက်နိုင်တဲ့ စမတ်ဖုန်း ဆက်သွယ်မှု၊ Notification ပြမယ့် OLED မျက်နှာပြင်၊ Hart Rate ဆင်ဆာတွေ ပါဝင်လာမှာ ဖြစ်ပါတယ်။ အသေးစိတ်ကို နောက်သတင်းပတ်မှာ တွေ့ကြရမှာပါ။

 Brucee


#technology.thithtoolwin.com

 Ref: GSM Arena

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment