Powered by Blogger.

ဇွန်လ ၁၂ ရက်နေ့မှာ ထွက်ရှိလာမယ့် Honor 9



ပြီးခဲ့တဲ့ အပတ်တုန်းက ပရိုမိုးရှင်း ပိုစတာတွေပေါက်ကြားခဲ့တဲ့ Honor 9 ဖုန်းကတော့ ဇွန်လ ၁၂ ရက်နေ့မှာ စတင်မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အဲ့ပိုစတာတွေမှာ ပါဝင်ခဲ့တဲ့ နေ့စွဲကတော့ တရားဝင်မဟုတ်ခဲ့ပေမယ့်လည်း အခုတော့ တရားဝင် ပိုစတာတစ်ခုထွက်ရှိလာခဲ့ပြီး လာမယ့် ၁၂ ရက်နေ့မှာ မိတ်ဆက်သွားတော့မှာပါ။

 “Beautiful and Colorful" လို့ရေးသားထားတဲ့ ဒီပိုစတာကြောင့် Honor 9 ကို အရောင်အသွေးမျိုးစုံနဲ့ ရရှိလာနိုင်ပြီး ၁၂ ရက်နေ့မှာတော့ ရှန်ဟိုင်းမြို့မှာ စတင်မိတ်ဆက်သွားမှာဖြစ်ပါတယ်။ Honor 9 နဲ့ ပတ်သက်ပြီး ပုံအများကြီးတွေ့ခဲ့ရပေမယ့်လည်း Honor 8 တုန်းကလို အနက်ရောင် ၊ အပြာရောင် ၊ မိုးပြာရောင် ၊ အဝါရောင် ၊ အဖြူရောင်နဲ့ မီးခိုးရောင်ဆိုပြီး ထွက်ရှိလာနိုင်ချေတွေရှိနေတာပါ။


မျက်နှာပြင်ကတော့ ၅.၁၅ လက်မ Full HD လို့ သိရပြီး  Kirin 960 chipset ကို 4 GB ဒါမှမဟုတ် 6GB RAM နဲ့ တွဲဖက်ပွဲထွက်လာဖွယ်ရှိနေပါတယ်။ 64 GB storage နဲ့အတူ 3,100 mAh ဘက်ထရီပါဝင်လာမှာဖြစ်ပြီး ကျောဘက်မှာတော့ 20 နဲ့ 12 MP ကင်မရာဆန်ဆာတွေကို ထည့်သွင်းသွားဖွယ်ရှိနေပါတယ်။ ဆယ်လ်ဖီကင်မရာကတော့  8 MP ဖြစ်ပြီး တန်ဖိုးသင့်နဲ့ စွမ်းဆောင်ရည်ကောင်းဖုန်းတစ်လုံးဖြစ်လာနိုင်ချေရှိနေတာပါ။

ဥရောပကို အဓိကပစ်မှတ်ထားတဲ့ ဒီဖုန်းကိုတော့ ဇွန်လ ၂၇ ရက်နေ့မှာတော့ ဘာလင်မြို့မှာ စတင်မိတ်ဆက်သွားဖွယ်ရှိနေတယ်လို့ သိရပါတယ်။

Mocha

#technology.thithtoolwin.com

Ref : Android Authority
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment