Powered by Blogger.

တစ်နာရီမိုင် ၁၈၀ အထိ သွားနိုင်တဲ့ Hyundai ရဲ့ လျှပ်စစ်ကား

ကိုရီးယားကားကုမ္ပဏီ Hyundai ဟာ နောက်ဆုံးမှာတော့ သူတို့ရဲ့ ပထမဆုံး လျှပ်စစ်ဘတ်စ်ကား အမျိုးအစားကို ထုတ်ဖော်လိုက်ပါပြီ။ Elec City လို့ အမည်ပေးထားတဲ့ ကားဟာ တစ်နာရီကို မိုင် ၁၈၀နှုန်းနဲ့ သွားနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ 256kWh ဘက်ထရီပါဝင်တဲ့ မော်တော်ကားဟာ အားအပြည့်သွင်းဖို့ တစ်နာရီလောက်ပဲ ကြာမြင့်မှာ ဖြစ်ကြောင်းလည်း ကိုရီးယား ယွန်ဟပ်သတင်းဌာနက ဆိုပါတယ်။ဒီကားကို၂၀၁၈ခုနှစ်မှာ ထုတ်လုပ်ဖို့အတွက် ကုမ္ပဏီက စီစဉ်ထားပါတယ်။ 

ဒါပေမယ့် ဒီကားက လျှပ်စစ်ဘတ်စ်ကားတွေထဲမှာ အကောင်းဆုံးတော့မဟုတ်သေးပါဘူး။ အမေရိကန် ကုမ္ပဏီ Proterra က ထုတ်လုပ်ထားတဲ့ Catalyst E2 ဆိုတဲ့ ကားဟာ 660kWh ရှိပြီး တစ်ခါအားသွင်းရုံနဲ့ မိုင် ၃၅၀လောက်မောင်းနှင်နိုင်တဲ့ Highway အရည်အသွေးမှီတဲ့ကားလည်း ရှိပါသေးတယ်။

ဟွန်ဒိုင်းအနေနဲ့ ကားကို တစ်ကမ္ဘာလုံးကို ဖြန့်ချိဖို့အတွက်တော့ အတိအကျမသိရသေးပါဘူး။ လောလောဆယ်တော့ လျှပ်စစ်ကားတွေကို အမေရိကန်ပြည်ထောင်စုမှာ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေပြီဖြစ်ပြီး တရုတ်လုပ်ငန်း BYD, ကနေဒါကုမ္ပဏီ GreenPower တို့ဟာ ထုတ်လုပ်ရောင်းချနေကြပါပြီ။

Hyundai ဟာ လက်ရှိအချိန်အထိ လျှပ်စစ်ကားတွေကို ကျယ်ကျယ်ပြန့်ပြန့်ထုတ်လုပ်မှုမရှိသေးပေမယ့် ကုမ္ပဏီကတော့ လာမယ့် ၂၀၁၈ခုနှစ်မှာ ရေရှည်သုံးနိုင်မယ့် လျှပ်စစ်မော်တော်ယာဉ်တွေကို အများအပြားထုတ်လုပ်ဖို့ ကတိပေးထားပါတယ်။

 Brucee

 #technology.thithtoolwin.com

 Ref: The Verge

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment