Powered by Blogger.

နံပါတ်တွေ သီးသန့်ပါဝင်လာတဲ့ Apple ရဲ့ ဒေါ်လာ ၁၃၀တန် ကီးဘုတ်


တကယ်လို့သင်က ဝိုင်ယာကြိုးတွေကို မုန်းတဲ့သူပြီးတော့ နံပါတ်တွေနဲ့ သီးသန့်နှိပ်ပြီးစာရိုက်ချင်တဲ့သူဆိုရင် Apple က ထုတ်လုပ်လိုက်တဲ့ တန်ဖိုးကြီး Hardware ပစ္စည်းတစ်မျိုးကို ညွှန်းချင်ပါတယ်။ 2017 World Wide Developer Conference မှာ Apple က နံပါတ်တွေသီးသန့် ပါဝင်တဲ့ ဆိုက်ပြည့် Wireless Magic ကီးဘုတ်တစ်မျိုးကို ထုတ်လုပ်ခဲ့လို့ပါ။

အချက်အလက်တွေအနေနဲ့ ကီးဘုတ်မှာ ရိုးရှင်းပြီး ကုမ္ပဏီရဲ့ ပုံစံ Wedge-Shaped profile ကို အပြည့်အဝ ပုံဖော်ထားပါတယ်။ Scissor-switch တွေနဲ့ Lightning charging ကေဘယ်လ်တွေလည်း ပါဝင်ပါတယ်။ ကုမ္ပဏီရဲ့ ပြောကြားချက်အရ လက်ရှိ MacBook Pro နဲ့ တွဲပြီး အသုံးပြုမယ်ဆိုရင် ကီးဘုတ်အနေနဲ့ တစ်ခါအားသွင်းပြီးရင် တစ်လလောက်အသုံးခံမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီ Full-Size ကီးဘုတ်ကို လာမယ့် တနင်္လာနေ့ကစလို့ ဒေါ်လာ ၁၃၀နဲ့ ရောင်းချသွားမှာပါ။

  Brucee

 #technology.thithtoolwin.com

  Ref: Engadget

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment