Powered by Blogger.

Xiaomi ရဲ့ ဒုတိယမြောက်သုံးလပတ်အတွင်း ပို့ကုန်ရောင်းအား ခိုင်မာ



Xiaomi ရဲ့ ဒီသုံးလပတ်အတွင်းက ဖုန်းရောင်းအားဟာ တိုးတက်မြှင့်မားလျက်ရှိကြောင်း သိရပါတယ်။ ကုမ္ပဏီအနေနဲ့ ၂၀၁၇ ဒုတိယမြောက် သုံးလပတ်အတွင်းမှာ ဖုန်းအလုံးရေ သန်း၂၀ ကျော်ရောင်းချထားရတာဖြစ်ကြောင်း အတွင်းသတင်းတွေက ဆိုပါတယ်။

Q2 အတွင်းရဲ့ ရောင်းအားဟာ ပထမသုံးလပတ်အတွင်း ရောင်းချခဲ့ရတဲ့ အလုံးရေ ၁၃သန်းကို ကျော်တက်သွားခဲ့တာပါ။ ဒီလိုရောင်းအားမြင့်ခဲ့ရတဲ့ အကြောင်းကတော့ ကုမ္ပဏီအနေနဲ့ ဈေးကွက်ကို မက္ကဆီကိုနိုင်ငံအထိ ချဲ့ထွက်ခဲ့တာရယ်၊ အိန္ဒိယမှာလည်း ရောင်းအားမြှင့်ဖို့ သဘောတူညီခဲ့တာရယ်ကြောင့်လို့ သိရပါတယ်။

Xiaomi ရဲ့ ရောင်းအားတိုးတက်မှုမှာ Xiaomi Mi 6 နဲ့ Refresh လုပ်ထားတဲ့ Mi Max 2 တို့ က အဓိကအနေနနဲ့ ပါဝင်ခဲ့တာပါ။ Xiaomi အနေနဲ့ အဓိက ထုတ်ကုန်တွေကို ဒီနှစ်ထဲမှာလည်း ဆက်လက်ထုတ်လုပ်ဖို့ ရှိနေပြီး အဲ့ဒါတွေကတော့ Mi Note 3 နဲ့ Mi Mix 2 တို့ ဖြစ်ပါတယ်။


    Brucee

   #technology.thithtoolwin.com

   Ref: GSM Arena

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment