Powered by Blogger.

ဆိပ်ကမ်းတွေမှာ သန့်စင်စွမ်းအင်အသုံးပြုတဲ့ ပထမဆုံးနိုင်ငံက အိန္ဒိယဖြစ်လာ


သန့်စင်စွမ်းအင်ကို လူတွေက ချမ်းသာတဲ့နိုင်ငံတွေမှာသာအသုံးပြုလို့ ရတယ်လို့ ထင်ကြပေမယ့် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာလည်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလို့ ရနိုင်တယ်ဆိုတာကို အိန္ဒိယနိုင်ငံက သက်သေပြလိုက်ပါပြီ။ US အနေနဲ့ Paris Climate Change သဘောတူညီချက်ကနေ နှုတ်ထွက်ပြီးနောက်မှာ အိန္ဒိယအစိုးရဟာ သူတို့ရဲ့ သန့်စင်စွမ်းအင် အသုံးပြုတဲ့ ကဏ္ဍကို တိုးမြှင့်လိုက်တာပါ။

ဒီသီတင်းပတ်အစောပိုင်းတုန်းက နိုင်ငံရဲ့ အဓိက သင်္ဘောဆိပ်ကမ်းကြီး ၁၂ခုမှာ အသုံးပြုတဲ့ စွမ်းအင်ရင်းမြစ်တွေဟာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်လာမယ်လို့ ထုတ်ဖော်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အိန္ဒိယဟာ နိုင်ငံရဲ့ ဆိပ်ကမ်းတွေမှာ ဆိုလာနဲ့ လေစွမ်းအင်ကနေ ထုတ်ယူတဲ့ လျှပ်စစ်စွမ်းအင်ကို ပြောင်းလဲအသုံးပြုတဲ့ ပထမဆုံးနိုင်ငံ ဖြစ်လာပါတယ်။

Economic Times ရဲ့ သတင်းတစ်ရပ်အရ အစိုးရဟာ မီဂါဝပ် ၂၀၀ ထုတ်လုပ်ပေးနိုင်တဲ့ ဆိုလာနဲ့ လေဒလက်တွေကို ဆိပ်ကမ်းတွေမှာ လာမယ့် ၂၀၁၉ခုနှစ်အပြီး တပ်ဆင်ဖို့ ရှိနေတာပါ။ စွမ်းအင်အားလုံးရဲ့ ၇၅ရာခိုင်နှုန်းဟာ ဆိုလာပြားတွေကနေ ထုတ်ယူသွားမှာ ဖြစ်ပါတယ်။ တကယ်လို့အောင်မြင်သွားတယ်ဆိုရင် နောက်နှစ်တွေမှာ လျှပ်စစ်ဓာတ်အား ၅၀၀ မီဂါဝပ်အထိ ထုတ်ယူဖို့ ရှိနေပါတယ်။

“ဒီပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ပရောဂျက်ဟာဆိုရင် ဆိပ်ကမ်းပတ်ဝန်းကျင်မှာ ရှိနေတဲ့ ကာဘွန်ထုတ်လုပ်မှုကို လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်” လို့ အစိုးရအရာရှိတစ်ဦးက ဆိုပါတယ်။
ပရောဂျက်ဟာ ဈေးတော့ပေါပေါပဲပဲ ဖြစ်ဟန်မတူပဲ ဒေါ်လာ ၇၈သန်းနီးပါးလောက် ကုန်ကျမှာပါ။ ဒါပေမယ့် ဒီအစီအစဉ်ဟာ အိန္ဒိယအစိုးရရဲ့ စိမ်းလန်းသောဆိပ်ကန်းဆိုတဲ့ အစီအစဉ်အောက်မှာ ပြုလုပ်သွားမှာပါ။


   Brucee

  #technology.thithtoolwin.com

   Ref: Engadget

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment