Powered by Blogger.

iOS 11 အတွက် စိတ်လှုပ်ရှားစရာ feature သစ်တစ်ခုကို Apple ထပ်မံပေါင်းထည့်



Beta ဗားရှင်းအနေနဲ့ပဲရှိနေသေးတဲ့ iOS 11 ကတော့ တရားဝင်တင်နိုင်တဲ့အခါကျရင် အရမ်းကို စိတ်လှုပ်ရှားဖို့ ကောင်းမှာပါ။ လောလောဆယ်မှာတော့ iOS 11 ကို Apple က Update တွေထပ်မံပြုလုပ်နေပြီး လုပ်ဆောင်ချက်သစ်တွေကိုလည်း ထည့်သွင်းပေးနေပါတယ်။

Apple ကနေ ယခုထည့်သွင်းပေးလိုက်တာကတော့ Screen Recording လုပ်ဆောင်ချက်ဖြစ်ပြီး ဒါကို အသုံးပြုသူတွေ အတော်များများက ထည့်စေချင်နေတာ ကြာခဲ့ပါပြီ။ Control center ကို အနည်းငယ်ပြောင်းလဲထားမှုနဲ့အတူ Screen recording ကလည်း အခုဆို iOS 11 မှာ စတင်အသက်ဝင်လာပါပြီ။


iOS 11 beta 3 ဗားရှင်းမှာတော့ “Screen recording” ဆိုတဲ့ record ပြုလုပ်နိုင်တဲ့ လုပ်ဆောင်ချက်ပါဝင်လာပြီး Start Broadcast ကိုနှိပ်ကြည့်တဲ့အခါမှာတော့ ဘယ်ပေါ်ကိုမှတော့ live stream အနေနဲ့ မလွှင့်နိုင်သေးတာကိုတွေ့ရပါတယ်။ ဒါဟာ Beta ဗားရှင်းမို့လို့ အခုလိုပေါ်နေတာဖြစ်ပါတယ်။

Control center ရဲ့ လုပ်ဆောင်ချက်တစ်ခုအနေနဲ့ Screen recording ပါဝင်လာတာဖြစ်ပြီး ဒါဟာ iOS device ပေါ်ကနေ ဂိမ်းဆော့တာတွေ ၊ သီချင်းတွေကို Live stream လွှင့်ချင်တဲ့သူတွေအတွက်တော့ ကောင်းမွန်တဲ့ လုပ်ဆောင်ချက်ဖြစ်လာမှာပါ။

Mocha

#technology.thithtoolwin.com

Ref : BGR

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment