Powered by Blogger.

Emoji Day မှာ အသုံးအများဆုံး Emoji တွေကို Facebook ထုတ်ဖော်ခဲ့


Facebook  ဟာ ကျွန်တော်တို့ အသုံးပြုနေတဲ့ Emoji လေးတွေကို အသိအမှတ်ပြုထားတဲ့ World Emoji Day မှာ ကမ္ဘာပေါ်မှာ အသုံးပြုမှုအများဆုံး Emoji တွေကို co-founder ဖြစ်သူ Mark Zuckerberg ကနေ တစ်ဆင့် ထုတ်ဖော်ခဲ့ပါတယ်။

#WorldEmojiDay ဆိုတဲ့ Hashtag နဲ့ Twitter, Facebook, Instagram တို့မှာ ရှာလိုက်ရင် ကမ္ဘာ့ Emoji နေ့နဲ့ ပါတ်သက်တဲ့ Post တွေ၊ Tweet တွေ တွေ့ရမှာဖြစ်သလို လူမှုကွန်ယက်တွေကိုယ်တိုင်လည်း ဒီနေ့ကို ဂုဏ်ပြုဖို့အတွက် အလုပ်ရှုပ်နေကြပါပြီ။ Facebook co-founder ဖြစ်သူ Mark Zuckerberg ကိုယ်တိုင်လည်း ဒီနေ့အတွက် Facebook မှာ လူသုံးအများဆုံး icon ၁၀ခုကို ရွေးထုတ်ပြီး Share လုပ်ခဲ့ပါတယ်။ ဘယ် Emoji က လူသုံးအများဆုံးဖြစ်မယ်ထင်ပါသလဲ?

အဖြေကတော့ မျက်ရည်ထွက်အောင်ရည်နေတဲ့ icon လေးက ထိပ်ဆုံးမှာပါတဲ့။ ဒါပေမယ့် ဒီ icon နဲ့ စာရင်းရဲ့ နံပါတ်လေးနေရာက မျက်စိမှိတ်ပြီးမျက်ရည်ထွက်အောင်ရယ်နေတဲ့ icon နှစ်ခုကို မရှုပ်ထွေးစေချင်ပါဘူး။ ဒုတိယနေရာမှာတော့ မျက်လုံးမှာ အသဲပုံဖြစ်နေတဲ့ ပုံလေးပါပဲ။ စာရင်းအပြည့်အစုံကို အောက်မှာကြည့်နိုင်ပါတယ်။

ဒီ Chart ထဲမှာ ဘာဂဏန်းမှ ဖော်ပြမထားပဲ ဘယ်လောက်သုံးတယ်ဆိုတဲ့ အတိုင်းအတာကိုပဲ ပြသထားပါတယ်။ အဲ့ဒီအပြင် နိုင်ငံအလိုက်အသုံးများတာတွေကိုလည်း ပြသထားပါတယ်။ US ဆိုရင် နံပါတ်လေး နေရာက Emoji ကို အသုံများပြီး မက္ကဆီကိုနဲ့ ဘရာဇီးလ်တို့လိုနိုင်ငံတွေကတော့ အသဲပုံမျက်လုံးနဲ့ Emoji ကို ကြိုက်ကြပါတယ်။ ဒီထဲမှာ ခရမ်းသီးပုံ Emoji ကတော့ မပါဝင်လာခဲ့ပါဘူး။

Zuckerberg တင်ခဲ့တဲ့ Post မှာတော့ Emoji တစ်ခုမှာ သုံးစွဲမထားတာကိုလည်း တွေ့ ရပါတယ်။

Brucee

#technology.thithtoolwin.com

 Ref: The Verge

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment