Powered by Blogger.

မျက်နှာပြင်နှစ်ခုပါဝင်တဲ့ Meizu Pro 7 Plus



Meizu Pro 7 Plus ကို Meizu က ထုတ်လုပ်လိုက်ပါတယ်။ Secondary Screen ကျောဘက်မှာ ပါဝင်တဲ့ ဖုန်းသစ်ဟာ  YotaPhone လို့ ခေါ်ပြီး အရှေ့ဖက်မှာ Secondary screen ပါဝင်တဲ့ LG V20 ပုံစံမျိုး ဖြစ်ပါတယ်။

Screen ရဲ့ အပေါ်ဖက်နားလောက်မှာ Dual camera ကို ထည့်သွင်းထားတဲ့ ဖုန်းရဲ့ ဈေးနှုန်းနဲ့ လုပ်ဆောင်ချက်တွေကတော့ 6GB RAM, 64 GB နဲ့ 128GB Storage တွေနဲ့ 3000 mAh နဲ့ 3500 mAh ဘက်ထရီတွေပါဝင်ပါတယ်။

Meizu Pro 7 ကိုရနိုင်တဲ့ အရောင်တွေကတော့ Black ၊ Gold ၊ Red ဖြစ်ပြီးတော့ Meizu Pro 7 Plus မှာတော့ အရောင်အမျိုးအစားကို Storage GB ပေါ်မူတည်ပြီးခွဲထားတယ်လို့သိရပါတယ်။ 64 GB ရှိတဲ့ Meizu Pro 7 Plus ကို ရနိုင်တဲ့ အရောင်တွေကတော့ Mattee Black ၊ Space Black ၊ Amber Gold နဲ့ Crystal Silver ဖြစ်ပြီး 128 GB ကတော့ Mattee Black ဒါမှမဟုတ် Space Black နဲ့ရနိုင်မှာဖြစ်ပါတယ်။


        Mocha

      #technology.thithtoolwin.com

       Ref: GSM Arena

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment