Asus ဟာ သူတို့ရဲ့ စမတ်ဖုန်းသစ်ဖြစ်တဲ့ ZenFone Series ထဲက ZenFone 4 ကို သြဂုတ်လ ၁၉ရက်နေ့မှာ ထုတ်လုပ်ဖို့အတွက် စီစဉ်နေပါတယ်။ ဖုန်းအတွက် Invitation တွေထဲမှာ Dual-camera system နဲ့ ပိုကောင်းတဲ့ဆင်ဆာကို ယူဆောင်လာမယ့် အရိပ်အယောင်ကို ထည့်သွင်းထားပါတယ်။
ZenFone 4 ရဲ့ ဗားရှင်းတစ်မျိုးကို ရုရှားနိုင်ငံမှာ ZenFone 4 Max ဆိုတဲ့ နာမည်နဲ့ရရှိနေပြီဖြစ်ပါတယ်။ ဖုန်းမှာ ရှေ့မျက်နှာကင်မရာတစ်စုံကိုလည်း ထည့်သွင်းဖို့ ရှိပြီး Snapdragon 430 နဲ့ 425 Processor နှစ်မျိုးနဲ့ အလုပ်လုပ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။
ZenFone 4 ကို Instagram မှာတော့ “ZenFoneX” ဆိုတဲ့ Hushtag နဲ့ အသုံးပြုပြီး တင်ထားခဲ့တာကြောင့် ဖုန်းနာမည်ကိုဘယ်လိုထားမယ်ဆိုတာတော့ သေချာ မသိရသေးပါဘူး။
#technology.thithtoolwin.com
Ref: The Verge
0 comments:
Post a Comment