တကယ်လို့သင်က PS4 Pro ကို ဝယ်ဖို့ စောင့်နေတယ်ဆိုရင် အဖြူရောင်နဲ့ ရနိုင်ပါပြီ။ Sony ဟာ PS4 Pro ကို Glacier White ဆိုတဲ့ အရောင်နဲ့ ရောင်းချတော့မှာပါ။ ဒီအရောင်ဟာ စက်တင်ဘာ ၂ရက်မှာ ထုတ်လုပ်မယ့် Destiny 2 Bundle ဂိမ်းကို ကိုယ်စားပြုတဲ့အနေနဲ့ ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။
ကွန်ဆိုးလ်မှာ အဖြူရောင်စက်နဲ့ လိုက်ဖက်မယ့် အဖြူရောင် Controller တွေလည်း ပါဝင်လာမှာ ဖြစ်ပြီးတော့ အသုံးပြုသူတွေကို Destiny 2 ရဲ့ Bonus Content ကိုလည်း Early Access အနေနဲ့ ဆော့ခွင့်ရမှာပါ။ ဒီအထဲမှာ Multiplayer Map, Three-person co-op Strike, သင်္ဘောသစ်တစ်စင်း နဲ့ “Exotic Weapon” နဲ့ Gear Set တစ်စုံဆိုပြီး Digital Content Pack တစ်ခုပါဝင်မှာ ဖြစ်ပါတယ်။
ဒါပေမယ့် Distiny 2 PS4 Pro Bundle ဟာ Limited Edition အနေနဲ့သာ ထုတ်လုပ်မှာဖြစ်ပြီးတော့ ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၄၅၀ သတ်မှတ်ထားပါတယ်။
RII
#technology.thithtoolwin.com
Ref: The Verge
0 comments:
Post a Comment