Powered by Blogger.

Facebook မှာ 360-degree ဓာတ်ပုံတွေကို app ထဲမှာတင်ရိုက်ကူးနိုင်ပြီ



Facebook ဟာ 306-degree ပုံတွေကို ပြီးခဲ့တဲ့တစ်နှစ်က တင်ဖို့အတွက် ခွင့်ပြုခဲ့ပြီး ယခုအခါမှာတော့ Social media ဟာ 306-degree shot တွေကို တိုက်ရိုက် ရိုက်ကူးဖို့ခွင့်ပြုလိုက်ပါပြီ။ ဒီနေ့ကစလို့ iOS နဲ့ Android ဗားရှင်းနှစ်မျိုးလုံးက Facebook app မှာ user တွေကို 360-degree ပုံတွေကို third-party app မလိုပဲ ရိုက်ကူးနိုင်ပြီ ဖြစ်ပါတယ်။

ဖုန်းဟာ 360-degree camera built in မဟုတ်ရင် သင့်အနေနဲ့ ဖုန်းရဲ့ ကင်မရာ app ကနေဆိုရင် panorama ပုံတွေကိုသာ ဖန်တီးနိုင်မှာ ဖြစ်ပြီး 306-degree photos တွေဖန်တီးဖို့ Facebook app ထဲက News Feed အပေါ်ဆုံးက “306 Photo” ဆိုတာကိုနှိပ်ပြီး ရိုက်ကူးနိုင်မျာပါ။ အဲ့ဒီနောက် ဘေးနားကို တဖြည်းဖြည်းချင်း တစ်ပတ်ပြည့်အောင် လှည့်ပြီး ရိုက်ကူးပေးရမှာပါ။ ပြီးသွားရင် “starting point” ကိုရွေးပြီး ပုံကို တင်နိုင်တဲ့အပြင် Cover photo တောင် ထားလို့ရပါသေးတယ်။

Update မှာ 360-degree photo ဓာတ်ပုံတွေ ရိုက်ကူးနိုင်မှုသာ ပါဝင်မှာဖြစ်ပြီး Facebook အနေနဲ့ 360-degree ဗီဒီယိုတွေကိုလည်း မကြာခင်ရိုက်ကူးပြီးတင်နိုင်ဖို့ မျှော်လင့်ထားပါတယ်။


Brucee


#technology.thithtoolwin.com

Ref: The verge

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment