Powered by Blogger.

WhatsApp မှာ Facebook လို Color Status တွေ တင်နိုင်ပြီ



WhatsApp ရဲ့ Status Update မှာ Facebook လို Color Status တွေတင်နိုင်ပြီဖြစ်ကြောင်း သိရပါတယ်။ Chat Application ဟာ iOS နဲ့ Android ဗားရှင်းအသစ်မှာ အခုလို Text-based Update ကို ထည့်သွင်းခဲ့တာပါ။

Facebook ဟာ Color Background လုပ်ဆောင်ချက်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာကတည်းက ထည့်သွင်းခဲ့တာဖြစ်ပြီး ယခုအခါ သူတို့ပိုင်ဆိုင်တဲ့ chatting app ထဲကိုပါ ထည့်သွင်းခဲ့တာပါ။

 WhatsApp ဟာ တင်ပြီး ၂၄နာရီအတွင်း ပျောက်ကွယ်သွားမယ့် WhatsApp ရဲ့ Stories feature ကိုလည်း စမ်းသပ်နေပါတယ်။ Snapchat နဲ့ ပုံစံတူ လုပ်ဆောင်ချက်ကို Facebook, Instagram နဲ့ Merssenger တို့မှာလည်း ကော်ပီကူးပြီး ထည့်သွင်းခဲ့ပြီးပါပြီ။

Brucee

#technology.thithtoolwin.com

Ref: the verge
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment