Powered by Blogger.

ဒေါ်လာ ၂၀၀ ထိဈေးလျှော့လိုက်တဲ့ Google Pixel ဖုန်း


 အမေရိကန်ပြည်ထောင်စုမှာ Google ရဲ့ Pixel စီးရီး စမတ်ဖုန်းတွေကို ဝယ်ယူဖို့ စီစဉ်ထားတယ်ဆိုရင် သင့်အနေနဲ့ ပစ္စည်းအတွက် သတင်းကောင်းတစ်ခုကို သင်ကြားသိရပါပြီ။ ဘာလို့လည်းဆိုတော့ ဖုန်းရဲ့ ဈေးနှုန်းတွေကို ဒေါ်လာ ၂၀၀အထိ လျှော့ပြီးရောင်းနေလို့ပါပဲ။ 

Pixel XL ဖုန်းကို ဒေါ်လာ ၅၇၀နဲ့ ရနိုင်မှာပါ။ သာမန် Pixel ကိုတော့ ဒေါ်လာ ၅၂၄နဲ့ ရနိုင်မှာဖြစ်ပြီး ဈေးနှုန်း ၁၂၅ဒေါ်လာ လျှော့ချထားပါတယ်။ ဒီလို Discount တွေအပြင် Google အနေနဲ့ ဟန်းဆက်နှစ်ခုလုံးဝယ်ယူတာနဲ့ Daydream View VR headset ကိုလည်း free အနေနဲ့ ပေးဦးမှာဖြစ်ကြောင်းလည်း သိရပါတယ်။ 

ထပ်တိုးအနေနဲ့ ကယ်လီဖိုးနီးယား အခြေစိုက် ကုမ္ပဏီဟာ Pixel ဖုန်းတွေအပါအဝင် Google Home (ဒေါ်လာ ၂၀လျှော့), OnHub router (ဒေါ်လာ ၃၀လျှော့), LG Watch Style (ဒေါ်လာ ၅၀လျှော့) နဲ့ Google Wifi ၃လုံးတွဲကို ဝယ်ရင် Free Chromecast Audio တစ်ခု အစရှိသည်ဖြင့် ကျောင်းသားတွေအတွက် discount တွေလည်း ပေးနေတာပါ။ 

Brucee

#technology.thithtoolwin.com

 Ref: the verge
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment