Powered by Blogger.

Xbox One ကိုလာတော့မယ့် Spotify



Sportify ဟာ ယခုအခါမှာ Xbox One app အနေနဲ့ မကြာခင် ထုတ်လုပ်သွားဖို့ ပြင်ဆင်နေပါတယ်။ Microsoft ရဲ့ Larry Hryb က Spotify app ကို Xbox One မှာ ထည့်သွင်းစမ်းသပ်နေတဲ့ ပုံတွေ Reddit မှာ ဒီအစောပိုင်းအတွင်း ပြန့်နှံ့လာပြီးနောက်မှာတော့ အခုလို ထုတ်လုပ်တော့မယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်နေတာ ဖြစ်ပါတယ်။

Spotify နဲ့ ရင်းနှီးတဲ့လူတွေရဲ့ သတင်းတွေအရ Microsoft အနေနဲ့ Spotify ကို လက်ရှိစမ်းသပ်သပ်ပြီး မကြာခင်ကာလအတွင်း ထည့်သွင်းပေးသွားဖို့ ပြင်နေတာ ဖြစ်ကြောင်းလည်း သိရပါတယ်။

Spotify ကို လက်ရှိမှာ Desktop ဗားရှင်းအနေနဲ့ Windows 10 ပစ္စည်းတွေအတွက် ထုတ်လုပ်ထားပြီး Xbox One ပစ္စည်းတွေမှာတော့ Universal Windows App လို ဝန်ဆောင်မှုတွေ ပါဝင်လာမှာ မဟုတ်ပါဘူး။
   
       Brucee

    #technology.thithtoolwin.com

       Ref: The Verge

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment