Powered by Blogger.

iOS ရဲ့ Gboard မှာ Maps နဲ့ YouTube တို့ကို တိုက်ရိုက်သုံးနိုင်ပြီ



Google ဟာ iOS အတွက် နောက်ဆုံး Update Gboard ကို ထုတ်လုပ်လိုက်ပြီး Maps နဲ့ YouTube တို့ကိုပါ Keyboard ထဲကို ထည့်သွင်းလာခဲ့ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ကီးဘုတ်မှာ Address တွေ ရိုက်နေမယ့်အစား G button ကိုနှိပ်ပြီး Google Maps ကို drop လုပ်လိုက်ရုံနဲ့ Google Maps link ဟာ သင့် Conversation ထဲကို  အလိုအလျောက် ဝင်သွားမှာ ဖြစ်ပါတယ်။

အဲ့ဒီအပြင် ကီးဘုတ်မှာ ဗီဒီယိုတွေ Share လုပ်နိုင်အောင် YouTube Tab တစ်ခုကိုလည်း ထည့်သွင်းပေးထားပြီး ဒီလုပ်ဆောင်ချက်ကိုတော့ Ink လို့ခေါ်ထားပါတယ်။ ဒီလုပ်ဆောင်ချက်အရ Standard iOS ကီးဘုတ်အတိုင်း Landscape mode နဲ့ ဗီဒီယိုတွေကြည့်နိုင်အောင် ပြုလုပ်ပေးသွားမှာပါ။

ဒီလုပ်ဆောင်ချက်အားလုံးကို လက်ရှိ iOS က Gboard ရဲ့ Update မှာရနိုင်ပြီ ဖြစ်ပြီး Update ကိုတော့ App Store မှာ ရနိုင်ပြီဖြစ်ပါတယ်။

      Brucee

    #technology.thithtoolwin.com

     Ref: The Verge

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment