Powered by Blogger.

SNES Classic preorder ကို လာမယ့် သြဂုတ်လကုန်ပိုင်းမှာ မှာယူနိုင်မည်




Walmart က ရောင်းချမှုကို ဖျက်သိမ်းလိုက်ပေမယ့် Nintendo အနေနဲ့ SNES Classic Edition ကို Preorder အနေနဲ့ မှာယူဖို့ ဒီလနှောင်းပိုင်းမှာခွင့်ပြုသွားမှာဖြစ်ကြောင်း သိရပါတယ်။

“Super Nintendo Entertainment System: SNES Classic Edition စနစ်ကို ဒီလနှောင်းပိုင်းမှာ pre-order အနေနဲ့ မှာယူနိုင်ဖို့အတွက် ပြုလုပ်ပေးသွားမှာပါ” လို့ Facebook မှာ ပြောကြားခဲ့ပါတယ်။ ကွန်ဆိုးလ်တွေကို စက်တင်ဘာ ၂၉မှာ ရောင်းချသွားမှာဖြစ်ကြောင်း သိရပါတယ်။

Nintendo က “Additional System ရဲ့ အလုံးရေ များစွာကို ထုတ်လုပ်တဲ့နေမှာ အရောင်းဆိုင်တွေကို တင်ပို့ထားမှာပါ” လို့လည်း ထပ်လောင်းပြောကြားခဲ့ပေမယ့် “အလုံးရေများစွာ” ရဲ့ ပမာဏကိုတော့ မသိရသေးပါဘူး။

   Brucee

  #technology.thithtoolwin.com

  Ref: The Verge

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment