Powered by Blogger.

Live Stream မှာ Friend တွေကို ပေါင်းထည့်နိုင်ဖို့ Instagram စမ်းသပ်နေ



Instagram ဟာ ယခုအခါမှာ Live Instagram Broadcast မှာ သူငယ်ချင်းတွေကို ထပ်မံပေါင်းထည့်နိုင်ဖို့အတွက် စီစဉ်နေပါတယ်။

Broadcast မှာ Friend ပေါင်းထည့်ဖို့ကတော့ ရိုးရှင်းပါတယ်။ ညာဘက်အောက်ခြေမှာရှိတဲ့ icon အသစ်လေးကို နှိပ်လိုက်ပြီး ကိုယ်ထည့်ချင်တဲ့ Friend ကို ရွေးချယ်ထည့်သွင်းလိုက်ရုံပါပဲ။ ဒီလိုဖြစ်လိုက်တာနဲ့ screen ဟာ vertical အတိုင်း split ဖြစ်သွားမှာ ဖြစ်ပါတယ်။ Instagram Live video တွေမှာ Hearts, comments နဲ့ Story ကို ပြန်လည် Save လုပ်နိုင်တဲ့ Option တွေ ပါဝင်မှာဖြစ်တာကြောင့် ယခင်အတိုင်းအတူတူပဲလို့ ပြောနိုင်ပါတယ်။

Instagram စမ်းသပ်နေတဲ့ feature အသစ်ဟာ ယခုအချိန်မှာ အသုံးပြုသူ အနည်းငယ်ထံမှာသာ ရနိုင်သေးတာဖြစ်ပေမယ့် လာမယ့်လအနည်းငယ်ကစလို့ အားလုံးရနိုင်အောင် ထုတ်လုပ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။


Brucee

#technology.thithtoolwin.com

Ref: the verge

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment