Powered by Blogger.

ဗီဒီယိုတွေမှာ in-apps messaging feature ကို YouTube ထည့်သွင်း




YouTube ဟာ ယခုအခါမှာ App အတွင်းမှာ ဗီဒီယိုနဲ့ ပတ်သက်ပြီး Friend တွေနဲ့ Chat နိုင်တဲ့ mobile-only feature ကို ထည့်သွင်းလိုက်တယ်လို့ သိရပါတယ်။ ဒါဟာဆိုရင် Android မှာပါဝင်တဲ့ Default Messages လိုမျိုး Function တွေက အလုပ်လုပ်မှာ ဖြစ်ပြီး သင့်အနေနဲ့ App ထဲက မထွက်ပဲ အထဲမှာတင် Chat လုပ်နိုင်မှာ ဖြစ်ကြောင်းလည်း သိရပါတယ်။

Users တွေအနေနဲ့ Share Button ထဲကနေသူငယ်ချင်းတွေကို ဗီဒီယိုကို ပြန်လည်မျှဝေရင်း Group Chat လိုမျိုး စကားပြောနိုင်မှာပါ။

Feature ဟာ အရင်ဆုံး ဒီနှစ်ဦးပိုင်းမှာ ကနေဒါနိုင်ငံမှာသာ စတင်ရရှိခဲ့တာဖြစ်ပေမယ့် ယခုတော့ တစ်ကမ္ဘာလုံးက အသုံးပြုသူတွေထံ ရောက်ရှိလာခဲ့တာပါ။ ဒါဟာဆိုရင်ဗီဒီယိုတွေကို Facebook Messenger App ကနေတစ်ဆင့် Share လုပ်တဲ့ ပုံစံမျိုး ဖြစ်ပေမယ့် ပိုမိုလွယ်ကူ၊ မြန်ဆန်စွာနဲ့ YouTube ကို တိုက်ရိုက်ပြောဆို ကြည့်ရှုနိုင်မှာပါ။

Brucee

#technology.thithtoolwin.com

Ref: The Verge

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment