Tesla ဟာ Model 3 ကို ထုတ်ဖော်ခဲ့တဲ့ သောကြာနေ့ကတည်းကနေ ယနေ့ထိ အမှာစာပေါင်း ၁၈၀၀ ရရှိထားပြီးဖြစ်တယ်လို့ ကုမ္ပဏီရဲ့ ရှယ်ယာရှင်တွေကို ဗုဒ္ဓဟူးနေ့က ပြောပါတယ်။ “Model 3 ဟာ Model S နဲ့ Model X တို့ထက်သာတဲ့ Customer တုန့်ပြန်မှုနဲ့ မှာယူမှုတွေ ရရှိခဲ့ပါတယ်။ အမှာစာပေါင်း ၁၈၀၀ ကျော်ကို Model 3 က တစ်ရက်နဲ့ တစ်ရက် ပြုလုပ်ထားနိုပါတယ်” လို့ Tesla က စာထဲမှာ ဆိုခဲ့တာပါ။
သောကြာနေ့ညနေတုန်းက Tesla ဟာ ကုမ္ပဏီရဲ့ ပထမဆုံး ဈေးကွက်ကြီး ပေါ်မှာ ဖြန့်ချိမယ့်ကားအဖြစ်နဲ့ Model 3 ကို ထုတ်ဖော်ခဲ့ပါတယ်။ Event မတိုင်ခင်မှာတင် ဈေးနှုန်းဒေါ်လာ ၃၅၀၀၀ ကစတဲ့ မော်တော်ယာဉ်အတွက် Pre order ပေါင်း ၅၀၀၀၀၀ လောက်ရရှိခဲ့တာပါ။
ကုမ္ပဏီအနေနဲ့ Model 3 ကို စက်တင်ဘာမှာ အစီးရေ ၁၅၀၀ ထုတ်လုပ်ဖို့ မျှော်မှန်းထားပြီး ဒီဇင်ဘာ နှစ်ကုန်လောက်မှာ အစီးရေ တစ်လကို ၂၀၀၀၀ ထုတ်လုပ်နိုင်ဖို့ ပြုလုပ်နေတယ်လို့ CEO ဖြစ်သူ Elon Musk က ဆိုခဲ့ပါတယ်။
#technology.thithtoolwin.com
Ref: the verge
0 comments:
Post a Comment