Nokia 8 ကို Nokia က ထုတ်လုပ်တော့မှာပါ။ အတိအကျပြောရရင်တော့ လာမယ့် သြဂုတ်လ ၁၆ရက်နေ့မှာ Nokia 8 ကို တရားဝင် ထုတ်လုပ်လာနိုင်ပါတယ်။ HMD Global က ထုတ်လုပ်တဲ့ အဓိက Android ဖုန်းအမျိုးအစားအတွက် နာမည်က 8 လား 9 လားဆိုတာကို တချို့က သံသယဖြစ်နေကြပါတယ်။
Geekbench ရဲ့ သတင်းအရ ပစ္စည်းဟာ Snapdragon 835 chipset နဲ့ 4GB ရှိတဲ့ RAM ကို အသုံးပြုလာမှာ ဖြစ်ပြီးတော့ Android 8.0.0 ဗားရှင်းနဲ့ အလုပ်လုပ်လာနိုင်တယ်လို့သိရပါတယ်။ လက်ရှိအချိန်အထိ Nougat လို့ အမည်ပေးဖွယ်ရှိတဲ့ 8.0.0 ဗားရှင်းကို Google က တရားဝင်မထုတ်ဖော်သေးပါဘူး။
#technology.thithtoolwin.com
Ref: the verge
0 comments:
Post a Comment