Powered by Blogger.

Switch Joy-Con တွေကို လက်တစ်ဖက်တည်းနဲ့ ဆော့နိုင်အောင် တီထွင်



Nintendo Switch ရဲ့ Joy-Con controllers တွေကို လက်တစ်ဖက်တည်းနဲ့ ဆော့နိုင်ပါပြီ။ အင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ Julio Vazquez ဟာ Nintendo Switch ဂိမ်းတွေကို လက်တစ်ဖက်တည်းနဲ့ ဆော့လို့ရနိုင်မယ့် 3D-printed Joy-Con adapter ကို ပြုလုပ် တီထွင်လိုက်ပါတယ်။

Vazquez ဟာ ဒီ adapters တွေကို မတော်တဆမှုတစ်ခုကြောင့် ညာဘက်လက်မသန်စွမ်းဖြစ်သွားပေမယ့် Legend of Zelda ဂိမ်းဆော့ချင်နေတဲ့ သူငယ်ချင်းဖြစ်သူ Rami Wehbe အတွက် ပြုလုပ်ပေးခဲ့တာပါ။

Vazquez ဟာ Joy-Con controller တွေရဲ့ ဒီဇိုင်းနှစ်မျိုးကို ပြောင်းလဲလိုက်ပြီး လက်တစ်ဖက်တည်းနဲ့ ခလုတ်ခုံနှစ်ခုလုံးက ခလုပ်တွေကို ကိုင်တွယ်နိုင်အောင် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အဲ့လိုပြုလုပ်လိုက်ပြီးနောက် Switch နဲ့ Zelda ကို ကစားပြခဲ့ပြီး အဆင်ပြေစွာ ကစားနိုင်တာကို YouTube မှာ တင်ထားခဲ့တာပါ။



Brucee

#technology.thithtoolwin.com


Ref: The Verge

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment