Powered by Blogger.

ဘောင်ပျောက်နဲ့ ထူးခြားတဲ့ စွမ်းဆောင်ရည်တွေပါဝင်လာတဲ့ iPhone 10


Apple ကုမ္ပဏီကတော့ မနေ့က မိတ်ဆက်ခဲတဲ့ပွဲမှာ iPhone 8, 8 Plus နဲ့ iPhone X တို့ကို မိတ်ဆက်သွားခဲ့ပါတယ်။ iPhone 8, 8 Plus တို့မှာ ကင်မရာပိုင်းဆိုင်ရာပြောင်းလဲမှုအနည်းငယ် ၊ မျက်နှာပြင် display ပိုင်းပြောင်းလဲမှုအနည်းငယ်သာ ပါဝင်လာခဲ့ပေမယ့်လည်း သူတို့ရဲ့ iPhone ထုတ်လုပ်ခြင်း ၁၀ နှစ်ပြည့်အနေနဲ့ ထုတ်ထားတဲ့ iPhone X ( X သည် ရောမဂဏန်းဖြင့် ဖော်ပြထားခြင်းဖြစ်သည့်အတွက် 10 လို့ ခေါ်ဆိုရသည်) ကတော့ တော်တော်လေး Unique ဖြစ်တဲ့ features တွေပါဝင်လာခဲ့ပါတယ်။

Apple A11 Bionic ချစ်ပ်နဲ့ storage 64/256 GB, 3 GB RAM တို့ကို ဒီဖုန်းမှာ အသုံးပြုထားပြီး A11 ကတော့ Apple ရဲ့ နောက်ဆုံးထွက် ပရော်ဆက်
ဆာတစ်ခုဖြစ်ပါတယ်။

မျက်နှာပြင်ကတော့ True Tone ပါ။ Super AMOLED Retina Display ဖြစ်ပြီး 458 ppi pixel density ကြောင့် အသိပ်သည်းဆုံး pixel မျက်နှာပြင်တစ်ခုဖြစ်လာပါတယ်။ No Bezel ဘောင်ပျောက်ပုံစံလို့ ဆိုပေမယ့်လည်း ဖုန်းရဲ့ ထိပ်နားက ကင်မရာ ၊ ဆန်ဆာ ၊ စပီကာနဲ့ အနီအောက်ရောင်ခြည် ကင်မရာတွေကို ထည့်သွင်းထားတဲ့ Black bar ကြီးကတော့ နည်းနည်းရုပ်ဆိုးသလိုဖြစ်နေပါတယ်။

ကင်မရာကတော့ ကျောဘက်ကင်မရာ နှစ်လုံးကို အပေါ်အောက်တွဲထားတဲ့ ဒီဇိုင်းနဲ့ တွေ့ရပြီး 12 MP MP  စီရှိကာ f/1.8 & f/2.4 ရှိတဲ့ Lens နဲ့ , phase detection autofocus, OIS, 2x optical zoom အထိ ရတာကြောင့် အတော်လေးမိုက်ပါတယ်။ ဒီကင်မရာနဲ့ slow motion တွေကို ကောင်းကောင်းရိုက်နိုင်မှာဖြစ်ကာ  wide angle နဲ့ 4K video တွေကို ဖရိန်ပြည့်ရိုက်ကူးနိုင်မယ်လို့ သိရပါတယ်။ ဒါ့အပြင် Portrait mode ကို live lighting filter ထိန်းညှိနိုင်မှုတွေကြောင့် ခပ်ကောင်းကောင်းဓာတ်ပုံတွေကို ရနိုင်မှာပါ။ ဆယ်လ်ဖီကင်မရာကတော့ 7 MP, f/2.2, 1080p@30fps, 720p@240fps, face detection, HDR နဲ့ ကောင်းကောင်းရိုက်နိုင်မှာဖြစ်ပြီး selfie portrait mode ကို ထည့်ပေးလိုက်တာက ပိုပြီး နှစ်လိုဖွယ်ကောင်းသွားတာပါ။

င်္Apple ကတော့ Finger Print လုံခြုံရေးစနစ်ကို သူတို့တီထွင်ကာ သူတို့ကိုယ်တိုင်ပြန်ဖြုတ်ပစ်ခဲ့ပြီး မျက်နှာနဲ့ လုံခြုံရေးပေးမယ့် Face ID ကို ထည့်သွင်းလာတာပါ။ပိုင်ရှင် မျက်နှာကို မြင်ရုံနဲ့ ဖုန်းက unlock လုပ်ပေးမှာဖြစ်ပါတယ်။ ဓာတ်ပုံနဲ့ ကျော်ဖြတ်နိုင်လားတို့ ၊ အမြွှာဆိုရင်လည်း ကျော်လို့ရနေတာပဲဆိုတဲ့ မေးခွန်းတွေကို Apple က မိတ်ဆက်တဲ့ပွဲမှာတင် ပြန်အဖြေပေးသွားခဲ့ပါတယ်။ Face ကို projection ထောက်ပြီး မျက်နှာရဲ့ အနေအထားသဏ္ဍာန်ကို pixel အစက်ပေါင်း သုံးထောင်ကျော်နဲ့ မှတ်သားထားကာ Bionic ချစ်ပ်နဲ့ တွဲအလုပ်လုပ်မှာဖြစ်တာကြောင့် သင့်မျက်နှာကို စီလီကွန်အတုလုပ်ပြီး ပြရင်တောင်ရမှာမဟုတ်ဘူးလို့ သိရပါတယ်။ အနီအောက်ရောင်ခြည် ကင်မရာကြောင့် အမှောင်ထဲမှာလည်း မျက်နှာကို detect သိမှာပါ။

Face ID ပြီးတဲ့ အခါမှာတော့ Apple အားစိုက်နေတဲ့ AR နည်းပညာပိုင်းတွေကို ပြောပြချင်ပါတယ်။ AR နည်းပညာကတော့ Snapchat လို filter တွေထည့်ပြီး မျက်နှာမှာပြမှာမဟုတ်တော့ဘဲ Emoji ကို Live animation လုပ်ပေးမယ့် Animoji ကိုပါ လုပ်ဆောင်ပေးသွားမှာပါ။ သင့်မျက်နှာအတိုင်းလိုက်လုပ်မယ့် Emoji လေးတွေကိုတော့ မိတ်ဆက်ဗီဒီယိုထဲမှာကြည့်နိုင်ပါတယ်။

တစ်ခြားလုပ်ဆောင်ချက်ကောင်းတွေကတော့ ရေစိမ်ခံနိုင်စွမ်းတွေ ၊ ကြိုးမဲ့အားသွင်းစနစ်တွေပါပဲ။ ဖုန်းအက်ပလီကေးရှင်းကို ထွက်ချင်ရင်လည်း အပေါ်ဘက်ကို ဆွဲလိုက်ရုံသာပါ။ အောက်ကို ဆွဲချလိုက်ရင်တော့ control centre ကျလာမှာပါ။ ဖုန်းကို ကိုင် ၊ ကြည့် ၊ unlock ပွင့်သွားတဲ့ ပုံစံကတော့ ဂေါ်ပါတယ်။ ဈေးကတော့ ၉၉၉ ဒေါ်လာပါ။ Space Gray နဲ့Silver ဆိုပြီးနှစ်မျိုးထုတ်လုပ်ထားတာဖြစ်ပြီး ဖန်ကိုယ်ထည်ကို စတီးဘောင်ကွပ်ထားတာကတော့ ကျေနပ်စရာကောင်းပါတယ်။

Mocha

#technology.thithtoolwin.com

Ref: GSMArena
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment