Powered by Blogger.

ဒေါ်လာ ၅၀၀၀တန် ပရိုဂျက်တာသစ်တစ်မျိုးကို Sony ထုတ်လုပ်



4K Projector တွေဟာ 4K TV တွေထက် လက်ရှိအချိန်မှာ အလွန်ဈေးကြီးတဲ့အနေအထားတစ်ရပ်မှာ ရှိနေပေမယ့် တဖြည်းဖြည်းချင်းတော့ ပြောင်းလဲ လာခဲ့ပါတယ်။ Sony ကထုတ်လုပ်လိုက်တဲ့ 4K ပရိုဂျက်တာအသစ်တစ်မျိုးဖြစ်တဲ့ VPL-VW285ES ဟာ 4K HDR Home Theater Projuctor တစ်မျိုးဖြစ်ပြီးတော့ ဈေးနှုန်း ဒေါ်လာ ၅၀၀၀နဲ့ ရောင်းချသွားမှာပါ။

ဒါဟာလက်ရှိအချိန်အထိ ဈေးကြီးနေသေးပေမယ့် တခြား 4K projector တွေထက်တော့ ဈေးနှုန်းအဆင်ပြေတယ်လို့ ပြောနိုင်ပါတယ်။ ပရိုဂျက်တာဟာ Maximum picture size အနေနဲ့ တကယ့် 4K output ဖြစ်တဲ့ 4096 x 2160 resolution နဲ့ ထွက်မှာ ဖြစ်ပါတယ်။

ဆိုနီဟာ ဒေါ်လာ ၈၀၀၀ တန် VW385ES ဆိုတဲ့ ပရိုဂျက်တာသစ်တစ်မျိုးကိုလည်း မိတ်ဆက်ခဲ့ပြီး ပိုမိုကောင်းမွန်တဲ့ ပုံရိပ်တိကျမှုတွေကို ပေးနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။

Brucee

#technology.thithtoolwin.com

Ref: the verge
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment