Apple ဟာ နောက်ဆုံးထွက် Flagship ဖုန်းဖြစ်တဲ့ iPhone X ကို လာမယ့်အောက်တိုဘာလ ၂၇ရက်နေ့ကစလို့ Pre-order တွေ လက်ခံသွားမှာ ဖြစ်ပြီး နိုဝင်ဘာ လဆန်းပိုင်းလောက်မှာ တင်ပို့ရောင်းချသွားဖို့အတွက် စီစဉ်ထားပါတယ်။
ဒါပေမယ့် လတ်တလောထွက်လာတဲ့ သုတေသီတစ်ဦးထံက သတင်းအရ Apple အနေနဲ့ လက်ရှိအချိန်အထိ iPhone X အတွက် အမြောက်အများ ထုတ်လုပ်မှုကို မပြုလုပ်ရသေးကြောင်း သတင်းထွက်လာပါတယ်။ Chip Analyst တစ်ဦးဖြစ်တဲ့ Raymond James ရဲ့ သတင်းအရ လာမယ့် အောက်တိုဘာလလယ်မှာ Production Line ကို ပီတ်မှာ ဖြစ်ပြီး ၂၀၁၇ နောက်ဆုံး သုံးလပတ်မှာ ပြန်လည်စတင်မှာဖြစ်ပါတယ်။
ဒါကြောင့် လက်ရှိအချိန်အထိ ထုတ်လုပ်မှုမစတင်ရသေးတဲ့ iPhone အသစ်အတွက် Apple က အစီအစဉ်တွေ ဘယ်လို ပြုလုပ်ထားတယ်ဆိုတာ အားလုံးက စိတ်ဝင်စားနေကြပါတယ်။
#technology.thithtoolwin.com
Ref: GSM Arena
0 comments:
Post a Comment