Nokia ရဲ့ အတည်ပြုချက်အရ Nokia 8 ဖုန်းဟာ နောက်လာအတွင်းမှာ ထွက်လာတော့မှာပါ။ RAM 6GB, Storage 128GB တို့နဲ့ ထွက်လာမယ့် ဖုန်းအတွက်အချက်အလက်တွေဟာ US FCC ကနေပေါက်ကြားလာခဲ့တာပါ။ ဒီပေါက်ကြားလာတဲ့သတင်းကို Nokia ရဲ့ မိခင်ကုမ္ပဏီ HMD က အတည်ပြုခဲ့တာလည်း ဖြစ်ပါတယ်။
သတင်းတွေအရ ကုမ္ပဏီအနေနဲ့ လာမယ့် အောက်တိုဘာ ၂၀မှာ ဥရောပမှာ ဖုန်းကို ဖြန့်ချိသွားမှာ ဖြစ်ပြီး အရောင်အနေနဲံ Polished Blue ကာလာကို ရရှိမှာပါ။ ပစ္စည်းဟာ စေျးနှုန်းအနေနဲ့ယူရို ၆၇၀ရှိမှာ ဖြစ်ပြီး သာမန် 4GB/64GB ဗားရှင်းကတော့ ဈေးနှုန်း ယူရို ၅၈၀ ရှိမှာပါ။
လက်ရှိမှာ ကမ္ဘာနဲ့ အမေရိက ဈေးကွက်ကို ဖြန့်ချိဖို့အတွက်တော့ သတင်းထွက်ပေါ်ထားခြင်းမရှိသေးပါဘူး။
#technology.thithtoolwin.com
Ref: GSM Arena
0 comments:
Post a Comment