Powered by Blogger.

ထွက်ရှိလာမယ့် Pixel 2 နဲ့ Pixel 2XL ဖုန်းတို့ရဲ့ ပုံရိပ်နဲ့ ဈေးနှုန်းတွေပေါက်ကြားလာ




Google Pixel ရဲ့ မျိုးဆက်သစ်ဖုန်တွေဖြစ်လာမယ့် Pixel 2 နဲ့ Pixel 2XL  ဖုန်းတွေရဲ့ ပုံရိပ်တွေကတော့ ပေါက်ကြားလာခဲ့ပြီဖြစ်ပါတယ်။ Droid Life ကနေ ဖော်ပြထားချက်အရတော့ Pixel 2XL ဖုန်းဟာ ၈၄၉ ဒေါ်လာအထိ တန်ဖိုးရှိနိုင်ဖွယ်ရှိနေပြီး ဒီတန်ဖိုးကတော့ 64GB ဗားရှင်းအတွက်ဖြစ်ကာ ၊ 128GB ဗားရှင်းအတွက်တော့ ၉၄၉ ဒေါ်လာအထိ တန်ကြေးရှိလာနိုင်တယ်လို့ သိရပါတယ်။

ကင်မရာတွေနဲ့ ဖုန်းရဲ့ နောက်ကျောအပေါ်ပိုင်းကတော့ ပိုရင့်တဲ့အရောင်တစ်ခုနဲ့ ကန့်သတ်ထားပြီး LG က ပြုလုပ်မယ့် Pixel XL2 ဖုန်းကတော့ အပေါ်ပုံအတိုင်း ဒီဇိုင်းနဲ့ ထွက်ရှိလာနိုင်ပါတယ်။

ဒီဖုန်းရဲ့ ကျောဘက်မှာတော့ လက်ဗွေဆန်ဆာကို တွေ့ရပြီး မီးခိုးရောင် ၊ အနက်ရောင်နဲ့ အဖြူရောင်ဆိုပြီး သုံးကာလာကွဲကာ ထွက်ရှိလာဖွယ်ရှိနေပါတယ်။

HTC ကနေ တာဝန်ယူ ထုတ်လုပ်မယ့် Pixlel 2 ကတော့  64 GB version ကို ၆၄၉ ဒေါ်လာကျသင့်မှာဖြစ်ပြီး 128 GB အတွက်တော့ ၇၄၉ ဒေါ်လာကျသင့်ဖွယ်ရှိနေပါတယ်။

အောက်တိုဘာ ၄ ရက်နေ့မှာတော့ ဒီဖုန်းတွေကို မျက်ဝါးထင်ထင်တွေ့ရတော့မှာဖြစ်ပြီး Google ရဲ့ ဖုန်းတွေမှာရော ဘယ်လိုစွမ်းဆောင်ရည်အမိုက်စားတွေပါဝင်မလဲဆိုတာကတော့
စိတ်ဝင်စားစရာပဲဖြစ်ပါတယ်။


Jackie

#technology.thithtoolwin.com

Ref : Android Authority

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment