Powered by Blogger.

ကင်မရာလေးလုံးပါ Huawei G10 ရဲ့ ပုံရိပ်တွေထွက်ရှိလာ




အောက်တိုဘာ ၁၆ ရက်နေ့မှာတော့ Huawei ဟာ Mate 10 စီးရီးတွေကို ကြေညာသွားဖွယ်ရှိနေတဲ့အပြင် နောက်ထပ်စမတ်ဖုန်းတွေကိုလည်း ထပ်ပြီး ကြေညာသွားဖွယ်ရှိ
နေပါတယ်။

လောလောဆယ်မှာတော့ Huawei ဟာ G10 ဖုန်းကို ကြေညာသွားဖို့လည်း ရှိနေပြီး Teasers တွေလည်း ထွက်ရှိပြီးဖြစ်ပါတယ်။ ဒီဖုန်းနဲ့ ပတ်သက်တဲ့ ကောလဟလတွေကလည်း
တရုတ်လူမှုကွန်ရက် Weibo မှာ ပျံ့နှံ့နေပါတယ်။

G10 ဖုန်းကတော့ လူတွေကို စိတ်ဝင်စားစေတဲ့ ဖုန်းတစ်လုံးဖြစ်နေပြီး Display ကတော့  LG G6 နဲ့ Samsung Galaxy S8 တို့လို 2:1 အချိုးနဲ့ ပေါ်ထွက်လာဖွယ်ရှိနေပါတယ်။ ဒါ့အပြင် နှစ်လုံးတွဲကင်မရာကိုလည်း ဖုန်းရဲ့ အနောက်မှာတင်မကပဲ အရှေ့မှာလည်း တွေ့ရပြီ ဒါဟာ Huawei ဖုန်းတွေထဲမှာ ပထမဆုံးဖြစ်လာမှာပါ။

သတ္တုကိုယ်ထည်နဲ့ ပွဲထွက်လာမှာဖြစ်ပြီး  5.9-inch Full HD display, the Kirin 659 chipset, and 4 GB of RAM တို့နဲ့အတူ ဘက်ထရီကလည်း 3,340 mAh ဖြစ်ကာ  Android 7.1 Nougat ကို အသုံးပြုထားပါတယ်။ ဒီဖုန်းကိုတော့ စက်တင်ဘာ ၂၂ ရက်နေ့မှာ တရုတ်နိုင်ငံမျာ မိတ်ဆက်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။


Mocha

#technology.thithtoolwin.com


Ref : Android Authority
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment