Powered by Blogger.

Twitter ကို စာလုံးရေ ၂၈၀ အထိ Chatacter Limit ထားဖို့ ပြုလုပ်နေ



Twitter က Tweets တွေကို အဓိက အပြောင်းအလဲတစ်ခု ပြုလုပ်ဖို့ လုပ်နေပါတယ်။ Twitter ရဲ့ ပြောကြားချက်အရ Tweets တွေမှာ လက်ရှိ Character Limit ရဲ့ နှစ်ဆ စာလုံးရေ ၂၈၀ အထိ တိုးချဲ့ဖို့အတွက် ပြင်ဆင်နေကြောင်း သိရပါတယ်။

 “ကျွန်တော်တို့ သုတေသနတစ်ခုက စာလုံးရေအကန့်အသတ်ထားတာဟာ အင်္ဂလိပ်လို Tweet တင်တဲ့သူတွေကို အဓိက စိတ်ပျက်စေတဲ့ အချက်တစ်ချက်ထဲမှာပါဝင်ကြောင်း ဖော်ပြခဲ့ပါတယ်” လို့ ကုမ္ပဏီရဲ့ Blog Post တစ်ခုမှာ ရေးထားခဲ့ပါတယ်။

“လူတွေက သူတို့ရဲ့ စိတ်ခံစားမှုတွေကို စာလုံးရေ ၁၄၀ထဲနဲ့ ဖော်ပြနေစရာ မလိုတော့ပါဘူး” လို့ ဆက်ပြောပါတယ် ယခုအချိန်အထိ Tweet လုပ်ထားတဲ့ Tweets အားလုံးရဲ့ ၉ရာခိုင်နှုန်းဟာ စာလုံးရေ ၁၄၀ အတိအကျ ရှိကြောင်း Twitter က ဆိုပါတယ်။

 ဒီအပြင် ဂျပန်စာ၊ တရုတ်စာနဲ့ ကိုရီးယားစာတွေလို စာလုံးတွေဟာ စာလုံးတစ်လုံးမှာ အက္ခရာပေါင်းများစွာပါဝင်တဲ့ စာတွေဟာဆိုရင်လည်း ယခုအအခါမှာ အနည်းငယ် အဆင်ပြေသွားတော့မှာပါ။

Bruce

#technology.thihtoolwin.com

Ref: The Verge

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment