Powered by Blogger.

အင်တာနက်မကောင်းတဲ့ နေရာတွေအတွက် Twitter Lite



ဒီနှစ်အစောပိုင်းမှာတုန်းက Twitter ဟာ Mobile ဆိုက်ရဲ့ ဗားရှင်းသစ်တစ်ခုကို မိတ်ဆက်ပေးခဲ့ပြီး အဲ့ဒါကို Twitter Lite လို့ နာမည်ပေးခဲ့ပါတယ်။

ဒီဗားရှင်းမှာ အထူးသဖြင့် ကမ္ဘာကြီးရဲ့ ဆက်သွယ်ရေးမကောင်းပဲ ဒေတာ နည်းနည်းသာ သုံးစွဲနိုင်တဲ့ နေရာတွေမှာ လွယ်လွယ်ကူကူအသုံးပြုနိုင်မယ့် ဗားရှင်းတစ်ခု အဖြစ်ထွက်ပေါ်လာမှာပါ။ ကုမ္ပဏီဟာလက်ရှိမှာ Twitter Lite ကို Android app အနေနဲ့ ဖိလစ်ပိုင်နိုင်ငံမှာ စတင် စမ်းသပ်နေပြီဖြစ်ပါတယ်။

Mobile ဆိုက်နဲ့ တူတဲ့ Android app ဟာ ဒေတာနည်းနည်းပဲ အသုံးပြုမှာဖြစ်ပြီး အင်တာနက်နှေးကွေးတဲ့ နေရာတွေမှာ အဆင်ပြေပြေနဲ့အသုံးပြုနိုင်မှာပါ။ ကုမ္ပဏီတာဝန်ရှိသူရဲ့ TechCrunch ကိုပြောကြားချက်အရ App ဟာ စမ်းသပ်နေဆဲသာဖြစ်ပြီး တခြားဈေးကွက်တွေမှာ ဖြန့်ချိဖို့ မသေချာသေးကြောင်း သိရပါတယ်။



    Brucee

  #technology.thithtoolwin.com

    Ref: The Verge


Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment