Powered by Blogger.

12 TB ရှိတဲ့ Hard Disk Drive ကို Seagate ထုတ်လုပ်



Seagate ဟာ ယခုအခါမှာ 12TB ပမာဏအထိ သိမ်းဆည်းနိုင်တဲ့ Hard Disk drive တစ်မျိုးကို ထုတ်ဖော်လိုက်ပြီး ပမာဏများများ သိမ်းဆည်းနိုင်တဲ့ Storage Option ကို ရှာနေသူတွေအတွက်ကတော့ အဆင်ပြေစေနိုင်မှာပါ။ BarraCuda Pro ဟာ 4K ဗီဒီယိုနဲ့ RAW photo file တွေကို သိမ်းဆည်းလိုတဲ့ သူတွေအတွက်တော့ အဆင်ပြေစေနိုင်မှာပါ။

Seagate ဟာ AR, VR အမျိုးအစားတွေအတွက် ဖိုင်တွေ သိမ်းဆည်းဖို့ ဆိုက်ကြီးတဲ့ Drive တွေကို ထုတ်လုပ်ရောင်းချဖို့အတွက် ကြံနေတာဖြစ်ပြီး ဒီတစ်ခုဟာလည်း ဒီလို Content တွေအတွက် အဖြေတစ်ခု ဖြစ်လာနိုင်ပါတယ်။ Hard Disk ဟာ 7200 rpm ရှိပြီး ပိုမိုမြန်ဆန်တဲ့ Loading ကာလအတွင်းမှာ 256GB အထိ cache size ကို ထည့်သွင်းနိုင်မှာပါ။ IronWolf လို့ခေါ်တဲ့ 12TB hard drive ကိုလည်း BarraCuda နဲ့အတူ ထုတ်လုပ်ခဲ့ပါသေးတယ်။

12TB ဆိုတဲ့ ပမာဏဟာ Video Maker တွေအတွက်တော့ တကယ်မိုက်တဲ့ ပမာဏဖြစ်လာနိုင်မှာပါ။ SeaGate ရဲ့ BarraCuda ကို ဒေါ်လာ ၅၃၀နဲ့ ရောင်းချသွားမှာဖြစ်ကြောင်းလည်း သိရပါတယ်။


Bruce

#technology.thithtoolwin.com

Ref: The Verge

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment