Powered by Blogger.

Windows ဖုန်းများ အဆုံးသတ်သွားပြီဖြစ်ကြောင်း Microsoft အတည်ပြု


Windows 8.1 ဖုန်းတွေ အဆုံးသတ်သွားပြီးနောက် Microsoft ရဲ့ OS ပိုင်းဆိုင်ရာ ဒုဥက္ကဌဖြစ်သူ Joe Belfiore ဟာ Windows 10 စနစ်သုံး ဖုန်းတွေဟာလည်း မကြာခင်မှာ Microsoft ကနေ အဆုံးသတ်သွားတော့မှာ ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။ ဒီအကြောင်းကို Joe က Twitter မှာတင်ခဲ့တဲ့ Tweets တွေကနေတစ်ဆင့် ပြောကြားသွားခဲ့တာပါ။

https://twitter.com/joebelfiore/status/917071399541391360

အသုံးပြုသူ အလွန်နည်းပါးတဲ့ OS ဖုန်းတွေအတွက် ကုမ္ပဏီတွေအနေနဲ့ ရင်းနှီးမြုတ်နှံဖို့ မဖြစ်နိုင်ကြောင်း ဆိုခဲ့တာပါ။

Tweet တွေအရ Developer တွေဟာ ဒီပလက်ဖောင်းအပေါ်ပြန်သွားတော့မှမဟုတ်ကြောင်းနဲ့ Microsoft ဟာလည်း ဒီအတွက် အတူလက်တွဲလုပ်မယ့် Partner တွေကို ရှာတော့မှာမဟုတ်ကြောင်း Joe က ဆိုခဲ့တာပါ။ 

https://twitter.com/joebelfiore/status/917071857370595328

ဒါပေမယ့် OS အသစ်မှာ ရင်းနှီးမြုတ်နှံတာထက် ရက်ဒ်မွန်းကုမ္ပဏီကြီးအနေနဲ့ ဖုန်းနဲ့ PC ကြားက ကွက်လပ်ကို ဖြည့်ပေးဖို့အတွက်သာ ပိုမိုလုပ်ဆောင်တော့မှာဖြစ်ကြောင်းလည်း သိရပါတယ်။


 Bruce

#technology.thithtoolwin.com

Ref: GSMArena

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment