Powered by Blogger.

Gmail မှာ Add-ons တွေ ထည့်သွင်းနိုင်ပြီ



ဒီနှစ်အစောပိုင်းမှာ Google ဟာ Gmail အတွက် add-ons တွေကို ခွင့်ပြုပေးလိုက်ကြောင်းကို ကြေညာခဲ့ပြီး ဒီတစ်ခါတော့ အားလုံး၊ တကယ်ရရှိတော့မှာပါ။ ဒီနေ့မှာ ထုတ်ဖော်ခဲ့မှုအရ add-ons တွေဟာ Gmail အတွက် ရည်ရွယ်ပြီးထုတ်လုပ်ထားတဲ့ third-party developers တွေနဲ့ သူတို့ရဲ့ Service တွေကို တိုက်ရိုက်ထည့်သွင်းခွင့် ပြုမှာပါ။ ပထမဆုံး partner တွေအနေနဲ့ Asana, Trello, DialPad, Intuit QuickBooks နဲ့ Wrike တို့ကို တွေ့ရမှာပါ။

ဒီထပ်ပေါင်းမှုအနေနဲ့ App တွေကို တစ်ဆင့်ပြောင်းလဲနေရတဲ့ User တွေကို အနည်းနဲ့အများတော့ အချိန်တွေ ချွေတာနိုငမှာပါ။ DocuSign ရဲ့ add-on ကို မကြာခင်မှာ ရနိုင်မှာ ဖြစ်ပြီး ပိုမိုအသုံးဝင်လာမှာပါ။

လက်ရှိမှာ Google ဟာ လုပ်ငန်းပိုင်းဆိုင်ရာ add-ons တွေကိုသာ ထည့်သွင်းခွင့်ပြုထားပါသေးတယ်။
Gmail add-ons တွေကို လက်ရှိမှာ Web, Android တို့အတွက် ထုတ်လုပ်ပေးထားပြီး iOS အတွက် ဘယ်အချိန်ရမယ်ဆိုတာကိုတော့ Google က မပြောကြားသေးပါဘူး။


Bruce

#technology.thithtoolwin.com

Ref: The Verge 

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment