Powered by Blogger.

Instagram ရဲ့ Message တွေကို Direct လို့ခေါ်တဲ့ သီးသန့် App နဲ့ ခွဲထုတ်မည်



Instagram ဟာ လက်ရှိမှာ Direct လို့ခေါ်တဲ့ သီးသန့် Messaging App တစ်မျိုးကို စမ်းသပ်နေပြီး အဓိက Instagram app ရဲ့အစိတ်အပိုင်းတစ်ရပ်အနေနဲ့ ထွက်ပေါ်လာမှာပါ။ ကုမ္ပဏီဟာ လက်ရှိ Direct messaging လုပ်ဆောင်ချက်ကို အတွင်းပိုင်းမှာထည့်သွင်းထားတာဖြစ်ပြီး Snapchat နဲ့ တစ်ထေရာတည်းတူညီတဲ့ပုံစံမျိုးနဲ့ ထုတ်လုပ်လိုနေတာပါ။

App ဟာလက်ရှိမှာ ချီလီ၊ အစ္စရေးလ်၊ အီတလီ၊ ပေါ်တူဂီ၊ တူရကီနဲ့ ဥရုဂွေး စတဲ့ နိုင်ငံခြောက်နိုင်ငံရဲ့ iOS, Android ဖုန်းတွေမှာ ရရှိနိုင်နေပြီဖြစ်ပါတယ်။ စမ်းသပ်ဆဲအဆင့်ဖြစ်တာကြောင့် ဘယ်အချိန်မှာ တစ်ကမ္ဘာလုံးအတွက် ရနိုင်မယ်ဆိုတာတော့ သေချာခြင်းမရှိသေးပါဘူး။

Snapchat လိုပဲ Direct ဟာ ကင်မရာပုံစံမျိုးနဲ့ ဖွင့်နိုင်မှာ ဖြစ်ပြီး အမြန်ရိုက်ကူးနိုင်မယ့် ပုံတွေနဲ့ ဗီဒီယိုတွေကို သူငယ်ချင်းတွေထံ ပေးပို့နိုင်မှာပါ။ သင့်အနေနဲ့ သင့်ရဲ့ Inbox ထဲဝင်ရောက်နိုင်ဖို့ ဘယ်ဘက်ကို Swipe လုပ်ရမှာဖြစ်ပြီး ညာဘက်ကိုဆွဲလိုက်ရင်တော့ App Settings ထဲကို ဝင်ရောက်သွားမှာပါ။

Direct messaging ဟာ Instagram ရဲ့ အစိတ်အပိုင်းတစ်ရပ်အဖြစ် နှစ်အနည်းငယ်ကြာ တည်ရှိခဲ့ပေမယ့် အလွန်ရိုးစင်းတာကို တွေ့ရမှာပါ။ Feature အသစ်ကတော့ လုပ်ဆောင်ချက်ရော Function ပိုင်းဆိုင်ရာမှာပါ ပိုမိုကောင်းမွန်တာကို တွေ့ရမှာပါ။

 Bruce

#technology.thithtoolwin.com

 Ref: the verge
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment