Powered by Blogger.

Halloween မတိုင်ခင် Updates အသစ်တွေနဲ့ Instagram



Instagram ကတော့ Halloween ပွဲမတိုင်ခင်မှာ updates တွေကို ထည့်သွင်းပေးလိုက်ပြီး  Superzoom feature လိုမျိုး လုပ်ဆောင်ချက်သစ်ကို user တွေ အသုံးများတဲ့ Boomerang မှာ အသစ်အနေနဲ့ ထည့်သွင်းပေးလိုက်ပါတယ်။

 Snapchat ကို အပြိုင်လိုက်နေတဲ့ Instagram ကတော့ Face အတွက် feature ကောင်းကောင်းတွေကို မကြာခဏ ထည့်သွင်းပေးနေပြီး နောက်ပိုင်းလုပ်ဆောင်ချက်တွေကတော့ အသုံးပြုသူတွေ အတော်လေးအကြိုက်တွေ့ကြတာကြောင့် အောင်မြင်မှုရတယ်လိုပ ဆိုရမှာပါ။



Halloween အနေနဲ့ Instagram မှာ filter အသစ်တွေ update ပါဝင်လာပြီး သွေးစုပ်ဖုတ်ကောင်ပုံ ၊ ဖုတ်ကောင်ပုံ ၊ လင်းနို့ပျံပုံနဲ့ ဖရုံသီးပုံခေါင်းတွေကို စုံစုံလင်ထည့်သွင်းပေးထားတာကို တွေ့ရပါတယ်။ ဒီ filter တွေကတော့ ကိုယ်ရိုက်နေတဲ့ အချိန်မှာ ရိုက်ကူးနိုင်တဲ့ AR filter အနေနဲ့တင်မဟုတ်ဘဲ ၊ ပုံတွေကိုပြန်ပြင်ရာမှာ အသုံးပြုနိုင်ဖို့အတွက် sticker တွေ အနေနဲ့ပါ ထည့်သွင်းပေးလိုက်တယ်လို့ သိရပါတယ်။

Instagram ကတော့ အသုံးပြုသူ သန်း ၈၀၀ အထိ တိုးတက်လာပြီဖြစ်ပြီး Facebook ပိုင်ဆိုင်တဲ့ ဒီ app ကတော့ နေ့စဉ်ပုံမှန်အသုံးပြုသူ သန်း ၅၀၀ အထိ ရောက်ရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။

Jackie

#technology.thithtoolwin.com

Ref : Gadget 360
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment