Powered by Blogger.

မိနစ်ပိုင်းအတွင်းမှာတင်ရောင်းကုန်သွားတဲ့ iPhone X ပထမအသုတ်



နိုင်ငံပေါင်း ၅၅ နိုင်ငံမှာ တစ်ပြိုင်တည်း ဖြန့်ချိရောင်းချပေးခဲ့တဲ့ iPhone X ရဲ့ ပထမအသုတ်ကတော့ မိနစ်ပိုင်းအတွင်းမှာတင် ရောင်းကုန်သွားတယ်လို့ သိရပါတယ်။

Apple ကတော့ သူတို့ရဲ့ နိုဝင်ဘာ ၃ ရက်နေ့မှာ ဖြန့်ချိမယ့် ဒုတိယအသုတ်အတွက်တော့ ပြင်ဆင်ထားပြီးဖြစ်နိုင်ပါတယ်။ Apple ကတော့ သူတို့ရဲ့လက်ထဲမှာ ဖုန်းအလုံးရေ ဘယ်လောက်အထိ ရှိနေလဲဆိုတာကို ထုတ်မပြောထားပေမယ့်လည်း သူတို့အနေနဲ့ ဖုန်းအလုံးရေ နှစ်သန်း သုံးသန်းလောက်အထိ အဆင်သင့်ပြင်ထားနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

iPhone X ကိုတော့ လာမယ့် ခရစ္စမတ်ကာလမှာ ကျယ်ကျယ်ပြန့်ပြန့်ရောက်ရှိနိုင်ဖို့ ရည်ရွယ်ထားပြီး ၂၀၁၇ မှာတော့ အလုံးရေသန်း ၂၀ လောက်သာ တင်ပို့ရောင်းချဖို့ Apple က စီစဉ်ထားပါတယ်။

အခုပထမအသုတ်မှာတော့ 64GB ဗားရှင်းဖုန်းတွေက အားလုံး ပစ္စည်းပြတ်သွားပြီး လက်ဝယ်ရရှဖို့အတွက် ပို့ဆောင်မှုကြာချိန်တွေကြောင့် လက်ထဲရောက်ဖို့ ငါးပတ်ကနေ ခြောက်ပတ်ကြား စောင့်ဆိုင်းရဖွယ်ရှိနေတယ်လို့လည်း သိရပါတယ်။

Jackie

#technology.thithtoolwin.com

Ref : BGR
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment