HTC ကတော့ သူတို့ရဲ့ ထွက်ရှိလာမယ့် Flagship ဖုန်းတစ်လုံးဖြစ်တဲ့ U11 Plus ကို သူတို့ရဲ့ တရားဝင် တွစ်တာစာမျက်နှာမှာ အမြည်းကျွေးမှုတွေ တောက်လျှောက်ပြုလုပ်နေခဲ့ပါတယ်။
ပုံအရကတော့ U11 Plus မှာ ဘောင်ပျောက်လုနီးပါးပုံစံ မျက်နှာပြင်ပါဝင်လာနိုင်ပြီး ၂၀၁၇ ခုနှစ်မှာ trending ဖြစ်ခဲ့တဲ့ ဘောင်ပျောက်ပုံစံဖုန်းတွေကိုတော့ HTC က ထုတ်လုပ်ဖို့ မရှိသေးပါဘူး။ ဘောင်သေးတာကြောင့် ဖုန်းမှာ button တစ်စုံတစ်ရာတော့ ပါဝင်လာနိုင်ဖွယ်မရှိတော့ပါဘူး။
U11 Plus မှာတော့ လက်ဗွေဆန်ဆာကို ဖုန်းရဲ့ကျောဘက်မှာ ထည့်သွင်းသွားဖွယ်ရှိနေပြီး နိုဝင်ဘာလ ၂ ရက်နေ့မှာ ကျင်းပမယ့် HTC ရဲ့ ပွဲမှာ ဒီဖုန်းအပါအဝင် အခြား သူတို့ရဲ့ ပစ္စည်းတော်တော်များများကို မိတ်ဆက်သွားဖွယ်ရှိနေတယ်လို့လည်း သိရပါတယ်။
Bruce
#technology.thithtoolwin.com
Ref
0 comments:
Post a Comment