‘Anthem’ ထုတ်လုပ်မယ့်ရက်ကို ၂၀၁၉ ခုနှစ်အထိ EA နောက်ဆုတ်
ပြီးခဲ့တဲ့နှစ်တုန်းက E3 ပွဲမှာ ထုတ်ဖော်ခဲ့တဲ့ BioWare ရဲ့ project: Anthem ဂိမ်းကို နောက်ဆုတ်လိုက်ကြောင်း EA က အတည်ပြုခဲ့တယ်လို့ Kotaku ရဲ့ သတင်းအရ သိရပါတယ်။ EA ရဲ့ အတည်ပြုချက်ရဲ့ ဂိမ်းဟာ ၂၀၁၉ ခုနှစ် အစောပိုင်းမတိုင်မီအထိ ထွက်လာဖွယ် မရှိဘူးလို့ ဆိုပါတယ်။
‘နောက်ကျတာမဟုတ်ပါဘူး’ လို့ EA ရဲ့ CFO ဖြစ်သူ Blake Jorgensen က WSJ ကို ပြောခဲ့တာပါ။ အဆိုပါ သုံးလပတ်အတွင်းမှာ ပြိုင်ဘက်နည်းတဲ့အတွက် ဒီအရွေ့ဟာ မဟာ အရွေ့တစ်ခုဖြစ်ခဲ့တာပါ။ EA ဟာ Battelfield ဂိမ်းသစ်ကို အောက်တိုဘာလ ၂၀၁၈ ခုနှစ်မှာ ထုတ်လုပ်မှာလည်း ဖြစ်ပါတယ်။
EA ရဲ့ ထုတ်ဖော်ချက်အရ ဒီဂျစ်တယ်ကနေ အကျိုးအမြတ်ရရှိမှုဟာ EA ရဲ့ သက်တမ်းတစ်လျှောက်မှာ အကောင်းဆုံး ဖြစ်လာခဲ့ပြီး ဒီအမြတ်တွေဟာ ၂၀၁၇ ခုနှစ်နှစ်ကုန်ပိုင်းမှာ ကစားသူ ၄၂သန်းအထိ တိုးတက်လာတဲ့ FIFA ဂိမ်းကနေ အဓိက ဝင်လာတာလည်း ဖြစ်ပါတယ်။
Bruce
#sport.thithtoolwin.com
Ref: The Verge
0 comments:
Post a Comment