Powered by Blogger.

iPhone X အတွက် VLC ထွက်လာ



iOS အတွက် VLC player ကို Update လုပ်လိုက်ပြီး ဗားရှင်း 2.8.6 အနေနဲ့ ထွက်လာမှာဖြစ်ပြီးတော့ iPhone X မှာ အသုံးပြုနိုင်ဖို့အတွက် App ရဲ့ UI ကိုချိန်ညှိထားကြောင်းလည်း သိရပါတယ်။

 ထပ်တိုးအနေနဲ့ App ဟာ 4K ဗီဒီယိုတွေအတွက် HEVC (High Efficiency Video Coding) ကိုထည့်သွင်း Support လုပ်လာကြောင်းလည်း သိရပါတယ်။

Update ဟာ iOS 7 နဲ့ iOS 8 မှာ ဖြစ်ပေါ်ခဲ့တဲ့ စက်ကို လေးကန်သွားစေတဲ့ Bugs ကိုလည်း ဖြေရှင်းပေးခဲ့ပြီး အတော်မြင့်မားတဲ့ Update တစ်ရပ်ဖြစ်ကြောင်း သတင်းတွေက ဆိုကြပါတယ်။ App update ကိုလက်ရှိမှာ App Store ကနေ ဒေါင်းလုဒ်လုပ်နိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။
 
  Bruce

 #technology.thithtoolwin.com

 Ref: GSMArena
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment