Powered by Blogger.

လာမယ့်လအတွင်းမှာ စွမ်းဆောင်ရည်မြင့် Flagship ဖုန်းတစ်လုံးထွက်ရှိလာမယ်လို့ One Plus အတည်ပြု


ကျွန်တော်တို့ သိထားခဲ့တာကတော့ One Plus ကုမ္ပဏီဟာ One Plus 5 နဲ့ 5T ဖုန်းတွေရဲ့ မျိုးဆက်သစ် စွမ်းဆောင်ရည်မြင့်ဖုန်းတစ်လုံးကို ထုတ်လုပ်ဖို့ ပြင်ဆင်လျက်ရှိနေခဲ့တယ်ဆိုတာပါပဲ။

OnePlus ရဲ့ CEO ဖြစ်သူ Pete Lau ကတော့ သူတို့အနေနဲ့ One Plus 6 စမတ်ဖုန်းကို ဒုတိယလေးလပတ်အတွင်းမှာ ထုတ်လုပ်သွားဖွယ်ရှိနေပြီး ၂၀၁၇ က One Plus 5 လိုပဲ အကောင်းဆုံးပြုလုပ်ထားတယ်လို့ ပြောခဲ့ပါတယ်။

CES 2018 မှာတော့ အခုလိုပြောကြားခဲ့တာဖြစ်ပြီး သူတို့ရဲ့ ဖုန်းမှာ Qualcomm ရဲ့ နောက်ဆံးထွက် ပရော်ဆက်ဆာ Snapdragon 845 ကို ထည့်သွင်းအသုံးပြုသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

One Plus ကတော့ လောလောဆယ်မှာ ဈေးကွက် ဝေစုတွေ အများစုကို ရယူနိုင်ဖို့အတွက်တော့ ကုမ္ပဏီကြီးတွေနဲ့ ယှဉ်ပြိုင်နေရဆဲဖြစ်ပြီး သူတို့အနေနဲ့ အကောင်းဆုံး ထုတ်ကုန်တွေကိုသာ ထုတ်လုပ်သွားဖို့ ဆန္ဒရှိနေတယ်လို့သိရပါတယ်။


Bruce

#technology.thithoolwin.com

Ref : BGR
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment