Powered by Blogger.

မျက်နှာပြင်ကိုတုန်ခါပြီး အသံအဖြစ်ပြောင်းလဲတဲ့ UK အခြေစိုက် Startup တစ်ခုကို Google ဝယ်ယူခဲ့



Google ဟာ ဖုန်း၊ တက်ဘလက်တွေရဲ့ မျက်နှာပြင်ကို Vibration တွေအသုံးပြုပြီး စပီကာအဖြစ် ပြောင်းလဲပေးမယ့် UK အခြေစိုက် Startup ကုမ္ပဏီတစ်ခုဖြစ်တဲ့ Redux ကို ဝယ်ယူခဲ့ကြောင်း Bloomberg ရဲ့ သတင်းတစ်ရပ်အရ သိရပါတယ်။ ဘယ်တုန်းက ဝယ်ယူခဲ့တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် ပြီးခဲ့တဲ့ သြဂုတ်လတုန်းက အရောင်းအဝယ်ဖြစ်ခဲ့တာ ဖြစ်နိုင်ကြောင်းလည်း သိရပါတယ်။

Redux ဟာ Mobile ပစ္စည်းတွေရဲ့ အသံနဲ့ Touch ပိုင်းတွေအပါအဝင် နည်းပညာအချို့ကို Develop လုပ်နေတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။

ရလဒ်တွေအနေနဲ့ Google ဟာ မျက်နှာပြင်ကနေ တိုက်ရိုက် အသံထုတ်လုပ်မယ့် နည်းပညာမှာ ရှေ့ရောက်သွားဖို့ ရှိနေပြီး ဖုန်းအတွက် သီးသန့် စပီကာထည့်သွင်းမယ့် Space ကို တိုက်ရိုက် လျှော့ချနိုင်မယ်လို့ သတင်းတွေက ဆိုကြပါတယ်။


Bruce

#technology.thithtoolwin.com

Ref: The Verge
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment