Xiaomi Mi 6X ရဲ့ ပုံများ ပေါက်ကြားလာ
Xiaomi ဟာ ယခင်နှစ်က Mi 5X ကို ထုတ်လုပ်ခဲ့သလိုမျိုး Mi 6X ဆိုတဲ့ စီးရီးသစ်ကို ထပ်မံ ထုတ်လုပ်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။ ဒီသတင်းဟာ ဖုန်းကို Hands-on အနေနဲ့ ရိုက်ထားတဲ့ ပုံရိပ်ကနေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပြီး ဒီဇိုင်းအနေနဲ့ အရင်ဖုန်းအတိုင်း ပြန်လည်ထည့်သွင်းထားတဲ့ ပုံစံကို တွေ့ရမှာပါ။
Mi 6X ဟာ iPhone X ပုံစံ ဒေါင်လိုက် ကျောဘက်ကင်မရာပါဝင်ပြှီး iPhone 7 Plus ရဲ့ ဒီဇိုင်းပိုင်းကို ပုံတူကူးတားတာပါ။ ဖုန်းမှာ 18:9 touchscreen နဲ့ ၅.၉၉ လက်မ မျက်နှာပြင်တွေ ပါဝင်ပါတယ်။
နောက်လမှာ ပြုလုပ်မယ့် MWC ပွဲမှာ ထုတ်လုပ်ဖို့ ရှိနေတဲ့ ဖုန်းသစ်ကို Surge S2 chipset နဲ့အတူ၊ Octa-core CPU နဲ့ Cortex-A73 cores, 2.2 GHz, Mali-G71 MP8 GPU တွေ ပါဝင်လာဖွယ်ရှိနေပါတယ်။
Bruce
#Technology.thihtoolwin.com
Ref: GSMArena
0 comments:
Post a Comment