Powered by Blogger.

ပထမဆုံး 512GB microSD ကဒ်ကို ဖေဖော်ဝါရီမှာ ထုတ်လုပ်မည်



၂၀၁၇ ခုနှစ်ဟာ microSD storage ပိုင်းမှာ စံချိန်တင်ခဲ့တာ ရေရှည်ခံမှာမဟုတ်တော့ပါဘူး။ ဘာလို့လဲဆိုတော့ အလွန်မြန်ဆန်လှတဲ့ နည်းပညာတွေဟာ UK ရဲ့ Integral Memory ပိုင်းကို ထပ်မံ အဆင့်မြှင့်တင်လိုက်လို့ပါပဲ။ ကမ္ဘာ့ပထမဆုံး 512GB microSD ကဒ်ကို မကြာခင်မှာ ထုတ်ဖော်သွားမှာ ဖြစ်ကြောင်း ထုတ်ဖော်ခဲ့လို့ပါ။

Android ဖုန်း၊ တက်ဘလက်နဲ့ PC ကွန်ပျူတာတွေမှာ အလွန်ခေတ်စားတဲ့ Storage ကဒ်တွေရဲ့ မျိုးဆက်သစ်မှာ 80MB/s အထိ transfer speed ရှိမှာ ဖြစ်ပြီး 4K ဗီဒီယိုရိုက်ကူးမှုတွေကို တိုက်ရိုက် သိမ်းဆည်းနိုင်မှာပါ။

ကဒ်ဟာ လာမယ့် ဖေဖော်ဝါရီမှာ ရောက်ရှိလာမှာ ဖြစ်ပေမယ့် UK ပြင်ပကိုတော့ ဘယ်တော့လောက် ရရှိနိုင်မယ်ဆိုတာ မသိရှိနိုင်သေးပါဘူး။

စွမ်းဆောင်ရည်တွေ ကောင်းမွန်သလို ဈေးပေါဖို့လည်း မရှိပါဘူး။ 400GB ကဒ်ကို လက်ရှိမှာ ဈေးနှုန်း ဒေါ်လာ ၂၅၀နဲ့ Amazon ကရောင်းချနေတာကြောင့် 512GB ကတော့ ပိုမိုဈေးမြောက်သွားဖို့ပဲ ရှိနေပါတယ်။

Bruce

#technology.thithtoolwin.com

Ref: Engadget
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment