Powered by Blogger.

Apple ရဲ့ WWDC ပွဲမှာ entry level တန်း MacBook ကို မိတ်ဆက်သွားမည်


Apple ရဲ့ developer conference ဖြစ်တဲ့ WWDC ပွဲကြီးကတော့ တဖြည်းဖြည်းနီးကပ်လို့လာခဲ့ပါပြီ။

၂၀၁၈ ရဲ့ ဒုတိယ ကွာတားမှာ product line အသစ်တွေကို strategy တစ်ခုနဲ့ Apple တို့ မိတ်ဆက်ပေးဖို့ ကြိုးစားနေခဲ့ပြီး ဈေးမကြီးမယ့် ၉.၇ လက်မ iPad နဲ့ iPad Pro မော်ဒယ်လ်တွေကို မိတ်ဆက်သွားမယ်လို့ ပြောထားခဲ့တဲ့အပြင် လောလောဆယ်မှာတော့ ဈေးသိပ်မကြီးမယ့် MacBook လက်ပ်တော့တွေကိုလည်း ထုတ်လုပ်လာနိုင်ချေတွေရှိနေပါတယ်။

တရုတ်အခြေစိုက် display ထုတ်ပေးမယ့် လုပ်ငန်းတွေနဲ့ Apple တို့ deal လုပ်ခဲ့ပေမယ့်လည်း ပြဿနာတစ်ချို့ရှိနေခဲ့တာကြောင့် LG ကနေ ထုတ်လုပ်မယ့် display တွေကိုသာ ဒီလို တန်ဖိုးသက်သာလာမယ့် ပစ္စည်းတွေကိုအသုံးပြုသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

သတင်းတွေအရလည်း entry level Macbook တွေဟာ ၁၃.၃ လက်မ amorphous ဆီလီကွန် မျက်နှာပြင်ကိုအသုံးပြုလာမှာဖြစ်ပြီး 2,560 x 1,600 resolution, ကို 13.3-inch MacBook Pro မှာ အသုံးပြုခဲ့သလိုပဲ သုံးသွားဖွယ်ရှိနေပါတယ်။ entry-level MacBooks တွေကိုတော့ ယူနစ် ၆ သန်းလောက်အထိ ရောင်းထွက်နိုင်ဖို့Apple က ပစ်မှတ်ထားနေပြီး ဒေါ်လာ ၇၉၉ နဲ့ ၈၉၉ ကြားမှာ ဈေးနှုန်းတန်ဖိုးရှိလာနိုင်ပါတယ်။



Bruce

#technology.thithtoolwin.com

Ref : DT
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment