Powered by Blogger.

အချိန်တစ်ရက်နဲ့ ဒေါ်လာတစ်သောင်းသာ ကုန်ကျခဲ့တဲ့ 3D printed အိမ်


SXSW ပွဲမှာတော့ နာမည်ကြီးနေခဲ့တာက 3D printer နဲ့ တည်ဆောက်ခဲ့တဲ့ အိမ်ပါပဲ။ ကွန်ကရစ်ကို အသုံးပြုပြီးတည်ဆောက်ခဲ့တာဖြစ်ပြီး တည်ဆောက်ချိန်အရမ်းကို မြန်ဆန်ခဲ့တဲ့အပြင် လူအင်အားသိပ်သုံးစရာမလိုခဲ့တာတွေကဒီအိမ်ပရောဂျက်ရဲ့ အားသာချက်တစ်ခုဖြစ်လာခဲ့တာပါ။

ICON အမည်ရ ကုမ္ပဏီကနေ ၆၅၀ စတုရန်းပေးရှိတဲ့ အိမ်တစ်လုံးကို Vulcan 3D printer နဲ့ တည်ဆောက်ပြခဲ့ပြီးအချိန် ၂၄ နာရီအတွင်း အပြီး တည်ဆောက်နိုင်ခဲ့ပါတယ်။ ကုန်ကျစရိတ်ကတော့ ဒေါ်လာ တစ်သောင်းသာရှိခဲ့ပြီးအိမ်တစ်လုံးကို တစ်ရက်နှုန်းနဲ့ တည်ဆောက်မှုဟာ အိုးအိမ်လိုအပ်ချက်တွေရှိနေတဲ့ နေရာတွေမှာ ဒီလိုတည်ဆောက်ဖြည့်ဆည်းပေးဖို့အတွက် ပိုပြီး အခွင့်အလမ်းတွေရှိလာခဲ့တာပါ။

ဧည့်ခန်း ၊ အိပ်ခန်း ၊ ရေချိုးခန်းနဲ့ အိမ်သာတွေအပါအဝင် သပ်သပ်ရပ်ရပ်ရှိတဲ့ အိမ်ပုံစံကတော့ တော်တော်လေးကိုလူတွေအကြိုက်တွေ့ခဲ့ကြပါတယ်။

အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ICON ဟာ သူတို့ရဲ့ကနဦး ပရောဂျက်တစ်ခုအနေနဲ့ လာမယ့်နှစ်မှာ 3D Printer နဲ့ အိမ် အလုံး ၁၀၀ အထိ ဆောက်လုပ်ပေးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။



Bruce

#technolgy.thithtoolwin.com

Ref : BGR
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment