Powered by Blogger.

စွမ်းဆောင်ရည် အကြမ်းစားနဲ့ ထွက်ရှိလာတော့မယ့် HTC U12 Plus


VentureBeat က သတင်းအရတော့ HTC ရဲ့ U12 Plus ဟာ HTC ထွက်ရှိပြီးခဲ့သမျှ ဖုန်းတွေထဲမှာ
အအောင်မြင်ဆုံး Flagship ဖုန်းတစ်လုံးဖြစ်လာမယ်လို့ ခန့်မှန်းမှုတွေ ပြုလုပ်နေကြပါတယ်။

HTC U12 Plus ကတော့ HTC U11 နောက်ပိုင်း မျိုးဆက်အနေနဲ့ ထွက်ရှိလာမှာဖြစ်ပြီး HTC U12 မှာ တကယ်ကောင်းလာမယ့် စွမ်းဆောင်ရည် အစုံအလင်ပါဝင်လာဖွယ်မရှိတာကြောင့် U12 Plus ကို အားလုံးက တကယ်မိုက်တဲ့ ဖုန်းတစ်လုံးဖြစ်လာမယ်လို့ ခန့်မှန်းနေကြတာပါ။

ကင်မရာ လေးလုံး အတွဲအဖက် ၊ tall display လို့ ခေါ်ဆိုမယ့် ဘောင်ပျောက်ပုံစံ display တို့တွေဟာ U12 Plus မှာ ပါဝင်လာနိုင်တာပါ။ ဆယ်လ်ဖီကင်မရာကိုတော့ 8MP ကင်မရာနှစ်လုံးကို အသုံးပြုလာမှာဖြစ်ပြီး ကျောဘက်main ကင်မရာကိုတော့ 12 နဲ့ 16 MP ကင်မရာအတွဲအဖက်ကို အသုံးပြုသွားမယ်လို့ သိရပါတယ်။ မျက်နှာပြင်အကျယ် ၆လက်မ လောက်အထိ ရှိလာမယ့် Display မှာတော့ WQHD+ resolution ကို အသုံးပြုလာနိုင်ပါတယ်။

Edge Sense sofware ရဲ့ ဒုတိယမျိုးဆက်သစ်ကို ဒီဖုန်းမှာ ထည့်သွင်းလာနိုင်ချေရှိနေပြီး ဒီ့ဆော့ဖ်ဝဲကြောင့် ဖုန်းရဲ့ဘောင်တွေကို ညှစ်လိုက်တာနဲ့ app ဖွင့်ပေးတာတွေလို shortcut တွေကို customize လုပ်ပြီး အသုံးပြုနိုင်စေမှာဖြစ်ပါတယ်။

Qualcomm’s Snapdragon 845 processor နဲ့ 6 GB of RAM ကို U12 Plus မှာ အသုံးပြုမယ်လို့ ခန့်မှန်းထားကြပြီး 64 GB ကနေ 128 GB storage ကို expand လုပ်နိုင်မှာပါ။ 3,420 mAh ဘက်ထရီဆိုတော့ အသင့်အတင့်ရှိတဲ့ ဘက်ထရီပမာဏလို့ ပြောလို့ရပါတယ်။ ဒီဖုန်းကိုတော့ ဧပြီလကုန်နဲ့ မေလဆန်းလောက်မှာ မိတ်ဆက်သွားမယ်လို့ ခန့်မှန်းထားပါတယ်။

Bruce

#technology.thithtoolwin.com

Ref : Android Authority
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment